Part 26

1.6K 24 1
                                    

Unicode

ဇိုင်း Companyကနေ ကွန်ဒိုကို ပြန်ရောက်တော့ ငြိမ်းကပါ ဇိုင်း ကွန်ဒိုကိုရောက်နေသည်။ဇိုင်း ကြည့်လိုက်တော့ ငြိမ်းက kitchenထဲမှာ ဟင်းချက်နေပုံရသည်။

"ငြိမ်း...ဘာတွေချက်နေတာလဲ"

"မောင်ပဲ ငြိမ်းချက်တဲ့ ဝက်သားနီ ချက် စားချင်တာဆို အဲ့တာကြောင့် ငြိမ်းက မောင်ဒီနေ့ စားလို့ ရအောင် ဝင်ချက်ပေးတာ"

"ဟား အမော ကို ပြေသွားပြီကွာ ...ပြွတ်စ်"

မောင်က ဟင်းချက်နေတဲ့ ငြိမ်းနောက်မှနေပြီး ငြိမ်းကို ဖက်ပြီး ပါးလေးပေါ်ကိုနမ်းလာသည်။

"မောင်...ဆီတွေပေါက်ကုန်မယ် နောက်နည်းနည်းဆုတ်"

"ဟင့်အင်း ဒီတိုင်းပဲ ဖက်ထားချင်တာ"

"မောင်က အချွဲလေးပဲ"

"ငြိမ်းနဲ့တွေ့မှပါ"

"မောင် အဆင်ပြေတယ်မလား အလုပ်မှာ"

"မပြေစရာဘာရှိမှာ မလို့လဲ"

"အွန်းပါ အဆင်ပြေရင် ပြီးတာပဲ...မောင်ရေအရင် သွားချိုးတော့လေ...ပြီးရင် ထမင်းစားမယ်လေ"

"ငြိမ်း"

"အင်း ပြောလေမောင်"

"ဒီည မောင့် ကွန်ဒိုမှာပဲ အိပ်လိုက်လေ"

"ဒါမဲ့မေမေတို့ကို ဘယ်လိုပြောရမှာလဲ"

"မောင် ပြောပေးရမလား"

"ရပါပြီ...ငြိမ်းပဲပြောလိုက်ပါ့မယ်"

"ဘယ်လိုပြောမှာလဲ"

"duty ရှိတယ်လို့ပဲပြောလိုက်မယ်"

"ငြိမ်း..."

"အင်း"

"ငြိမ်း မိဘတွေကို မောင်တို့ ချစ်သူတွေဖြစ်နေပြီဆိုတာ ဘယ်ချိန်ပြောပြမှာလဲ"

"ပြောပြတော့မှာပါ ဖေဖေမေမေတို့နဲ့စကားသေချာမပြောဖြစ်သေးလို့ပါ"

"အွန်း မြန် မြန်ပြော"

"အင်း မောင် ရေသွားချိုးတော့လေ"

"ဟင့်အင်း ငြိမ်းချက်ပြီးမှပဲ ချိုးမယ်"

"မောင့် သဘောကွာ"

𝘏𝘦𝘢𝘳𝘵𝘣𝘦𝘢𝘵 𝘜𝘯𝘥𝘦𝘳 𝘛𝘩𝘦 𝘞𝘩𝘪𝘵𝘦 𝘊𝘰𝘢𝘵 Where stories live. Discover now