Part 29

1.4K 26 1
                                    

Unicode

ငြိမ်း တို့ တွဲလာတာ ခုဆို တစ် နှစ်ကျော် ပြီဖြစ်သည်။မောင် လည်း Company အလုပ်တွေနဲ့ အတည်တကျ ဖြစ်နေပြီဖြစ်သလို ငြိမ်းကလည်း အရင်အတိုင်းပင်။

ငြိမ်းနဲ့ မောင်တို့ ချစ်သူတွေ ဖြစ်နေတာကို အိမ်ကို ပြောပြထားပြီး အိမ်ကလည်း ဘာမှ မပြောဘဲ သားဇိုင်း နဲ့ဆို အဆင်ပြေတယ် ဆိုလို့ မောင် ကတော့ ပျော်နေရှာသည်။

ဒီတစ်နှစ်ကျော် အတွင်းမှာ မောင်နဲ့ ငြိမ်း မိဘတွေနဲ့က အရင်ကထက်တောင် ရင်းနှီးလာကြသည်။တစ်ခါတစ်ခါဆို ငြိမ်းက သမီးအရင်းလားမေးယူရသည်အထိပင်။

မောင် ကလည်း ဖေဖေမေမေ တို့နဲ့တွေ့ရင် သူ့ကိုယ်သူ ကလေးများ အောက်မေ့သလားပဲ။

"ဒေါက်တာ"

ငြိမ်း အတွေးလွန်နေတုန်း အဖွဲ့မှူး တစ်ယောက်က ခေါ်လာသည်။

"ဟုတ်ပြောပါ"

" အစည်းအဝေး စတော့မယ်နော်...မေ့နေမှာစိုးလို့"

"အော်ဟုတ်...ငြိမ်းတောင် မေ့နေတာ ခုလာခဲ့လိုက်မယ်နော်"

"ဟုတ်ပြီ"

ငြိမ်းလည်း ပြောပြီး အစည်းအဝေးခန်းထဲသွားလိုက်သည်။

"ကဲ ဒီနေ့ အစည်းအဝေးခေါ်ရတဲ့အကြောင်းက ဒီနှစ် တောင်ပေါ်ရွာကို volunteerသွားရမယ့်အကြောင်းတိုင်ပင်ဖို့ပါ။ဒီနှစ်က အရင်နှစ်ကလို သွားချင်တဲ့သူကိုသွားခိုင်းတာမျိုး မဟုတ်ဘဲ သေချာ လူရွေးပြီး ဟိုမှာသေချာလုပ်ဆောင်ဖို့ပဲ။ပုံမှန်က တစ်လပဲ ဆိုပေယ့် ဒီနှစ်ကတော့ ၃လ လောက်ကြာဖြစ်မယ်။ဘာလို့လဲဆိုတော့ ဆေးသွားကုတာက တစ်ကြောင်းဆိုပေမယ့် အဲ့ဘက်မှာ ဘာလို့ ရာသီရောဂါက ဘာလို့ထပ်ခါထပ်ခါဖြစ်ရတာလဲ ဆိုတာ သုသေတန ပါလုပ်ရမှာမလို့ပဲ။ပြီးတော့ အဲ့မှာ လိုအပ်တဲ့ ဆေးဝါးထောက်ပံ့မှုတွေ ပေးပြီး အဲ့က သူနာပြုတွေကို လိုအပ်တဲ့ပညာတွေပါ ထပ်ဆောင်း သင်ပေးရမှာမလို့ ဒီနှစ်ကတော့ ၃လ ဖြစ်သွားလိမ့်မယ်"

"ဟုတ်×13"

ငြိမ်းတို့ ဆေးရုံက privateဆေးရုံဆိုပေမယ့် တစ်နှစ်တစ်ခါvolunteerအနေနဲ့ ဆေးသွားကုပေးရတာက အစဥ်အလာလို ဖြစ်နေပြီဖြစ်သည်။

𝘏𝘦𝘢𝘳𝘵𝘣𝘦𝘢𝘵 𝘜𝘯𝘥𝘦𝘳 𝘛𝘩𝘦 𝘞𝘩𝘪𝘵𝘦 𝘊𝘰𝘢𝘵 Where stories live. Discover now