Part 5

2K 46 3
                                    

Unicode

"ကျုပ်ကားပေါ်တတ်"

"ရှင်"

"ခင်ဗျားကို ကျုပ်ပြန်လိုက်ပို့ပေးလို့ ကားပေါ်တတ်ခိုင်းတာ ခင်ဗျားကိုဘာမှ မလုပ်ဘူး"

"ဟို အဲ့လို သဘောမျိုး မဟုတ်ပါဘူး"

"အဲ့လို သဘောမျိုးပဲလေ ခင်ဗျား အကြည့်ကိုက"

"ဟို မဟုတ်"

"ဘာလဲ တတ်တူးတွေနဲ့မို့လို့ မကောင်းတဲ့ကောင်လို့ ထင်နေတာလား...ခင်ဗျားတွေ့နဲ့ ခုနက နှစ်ကောင်ထက်တော့ ကျုပ်ကသာတယ်နော်"

ခတ္တာ သူရှေ့မှာ ပြောနေတဲ့ လူဆိုးကောင်ကို ကြည့်ပြီး ဘာဆက်ပြောရမှန်းကိုမသိပါ။သူ့ဟာသူပြောနေတာဖြစ်သည်။ခတ္တာက လည်း ခတ္တာပင်။ရှေ့က သူ့ကို ဆွဲလားရမ်းလားလုပ်ခဲ့တဲ့ လူနှစ်ယောက်ကိုကျ လူကောင်းလို့ထင်ပြီး ခုကိုယ့်ကို ကူညီပေးတဲ့ သူကျမှ ခတ္တာက သံသယတွေနဲ့ ဖြစ်နေတာကို။ဒါပေမယ့် ခတ္တာ အနေနဲ့ကလည်း ဒီလိုသံသယတော့ ထားသင့်တာပေါ့။သူ့ပုံစံကိုလည်း ကြည့်လေ။

"ခင်ဗျား အိမ်ပြန်ချင်ရင်တော့ ကားပေါ်တတ် မပြန်ချင်ဘူး ...ဒီမိုးရေထဲမှာပဲ အချမ်းတတ်ပြီးသေချင်ရင်တော့ နေခဲ့လိုက်"

ခတ္တာလည်း သူ့အပြောကို ဘာမှ ပြန်မပြောတော့ဘဲ ကားထဲက ပိုက်ဆံအိတ်နဲ့ ဖုန်းကို ယူပြီး သူ့ကားပေါ်ကိုတတ်ခဲ့လိုက်သည်။

ခတ္တာကားပေါ်ရောက်တော့ သူလည်းကားစမောင်းလေသည်။

"အိမ်က ဟိုဆေးခန်းဖွင့်ထားတဲ့နေရာပဲ မလား"

"ဟုတ်"

ဒါပဲ။သူမေးလို့ ခတ္တာပြန်ဖြေပြီးတာနဲ့ လေထုက က တိတ်ဆိတ်သွားတော့သည်။

"ဟို ခတ္တာ မင်းကို ကျေးဇူးတင်ပါတယ်နော်"

"ရတယ် ...မလိုဘူး"

"မင်းအတွက် မလိုပေမယ့် တို့အတွက်တော့ လိုတယ်"

"ဟ ခင်ဗျား လူက တည်ငြိမ်သလောက် ပါးစပ်က စွာလိုက်တာ...ကျုပ်က မလိုဘူးဆို မလိုနဲ့လေ"

"ဒီမှာ တို့လည်း မင်းလိုပဲ ကျေးဇူးကျွေး အတင်မခံနိုင်လို့  တစ်ခါတည်းကျေးဇူးတင်စကားပြောတာ"

𝘏𝘦𝘢𝘳𝘵𝘣𝘦𝘢𝘵 𝘜𝘯𝘥𝘦𝘳 𝘛𝘩𝘦 𝘞𝘩𝘪𝘵𝘦 𝘊𝘰𝘢𝘵 Where stories live. Discover now