Unicode
ဇိုင်း...ငြိမ်းကို ပြန်ပို့ပြီးတာနဲ့ ထက်အောင် ရှိတဲ့ Barကို သွားလိုက်သည်။
"ဇိုင်း...မင်းမှာလည်းနော် ဆေးရုံကဆင်းတာတောင် ခုမှ ပေါ်လာတော့တယ်"
"ကိစ္စလေး တွေရှိနေလို့ဟ"
"ကဲ တစ်ခွက် အရင်မော့လိုက်ပါအုံး"
"ရပြီ...အိမ်ကဟာတွေ ပဲ အရင်ကုန်အောင် ပြန်သောက်လိုက်အုံးမယ်"
"ဟ...မင်းအရင်ကလည်း ဒီကရောသောက် အိမ်မှာရော သောက်တာကို ခုမှ ဘာတွေ ထ
ဖြစ်နေတာလဲ""ငြိမ်း မကြိုက်လို့"
"လီး ထဲမှ ဘဲနော်....တ ငြိမ်း ငြိမ်း နဲ့တော်တော် ဖြစ်နေ"
"ဟျောင့်...တိုးတိုးပြောစမ်းပါ"
"အေ့ပါ...ဒါနဲ့ ဘာလဲ မင်းနဲ့ ဒေါက်တာက အဆင့်တတ်သွားပြီလား"
"အွန်း ...ခုချစ်သူတွေ ဖြစ်နေပြီ"
"ဟ သွက်လှချည်လား"
"မင်း အဖေ ငါက အတင်းအဓ္ဓမ အဖြေတောင်းထားရတာ"
"ဆေးရုံက နှစ်ပတ်ပဲ တတ်လိုက်ရလို့နော်...2လသာဆိုရင် ဒေါက်တာ့ ဘ၀ကတော့ မတွေးရဲစရာပဲ"
"မင်းပဲပြော...ငါက ငြိမ်း ကိုဘာလုပ်မှာမလို့လဲ"
"အရင်ကတော့ ပုံတုံးကြီးတဲ့ ခုကျမှ ငြိမ်း ငြိမ်း ငြိမ်း နဲ့"
"ဒီမအေဘေး...ပြောစရာရှိတာသာပြောစမ်းပါ"
"အေးပြောမယ်...နက္ခတ်မှားဆိုတဲ့ ကောင်က ဆေးလောက မှာဆရာကြီးပဲ...မင်းသူ့ကိုလုပ်ချင်ရင် ဒီတစ်ကွက်ထဲနဲ့တင် လုပ်လို့ရတယ်...ငါစုံစမ်းရသလောက် မင်းကို လုပ်ခိုင်းတာကလည်း ကားပြိုင်တဲ့ညက ကိစ္စကို မကျေနပ်လို့ လုပ်ခိုင်းတာတဲ့...အဲ့တာ ခု မင်းဘယ်လို လုပ်ဖို့ စဥ်းစားထားလဲ"
"ခန ဆက်စောင့်ကြည့်မယ်...ဒီတိုင်းဆိုရင်တော့ လွယ်မှာမဟုတ်ဘူး"
"အေအေ...ဒါနဲ့ မင်းတကယ် မသောက်သွားတော့ဘူးလား"
"အေ မသောက်တော့ဘူး...ငါခု ပြန်တော့မယ် လုပ်စရာကိစ္စ တချို့ရှိသေးလို့"
"အေအေ"
ဇိုင်း ထက်အောင်ကို နှုတ်ဆက်ပြီး ကွန်ဒိုကိုပြန်ခဲ့လိုက်သည်။ကွန်ဒိုပြန်ရောက်တော့ ညနေ ၆နာရီ ထိုးနေပြီ မို့ kitchenထဲသွားပြီး ငြိမ်း ချက်ခဲ့ပေးတဲ့ ဟင်းတွေ ကိုပြန်နွှေးလိုက်ပြီး ညစာစားလိုက်သည်။ပုံမှန်ဆို ညစာ မစားဖြစ်ပေမယ့် သူ့ရဲ့ ဒေါက်တာလေး စိတ်ဆိုးမှာ စိုးလို့စားလိုက်သည်။နေ့လယ်က ချစ်ရတဲ့သူနဲ့ အတူတူ စားရလို့ထင်သည် ထမင်းဟင်းတွေက အရသာရှိပြီး ခုကျတော့ တစ်ယောက်ထဲ မလို့ တစ်ပန်းကန်ကိုတောင်မနည်း ကုန်အောင် စားလိုက်ရသည်။
YOU ARE READING
𝘏𝘦𝘢𝘳𝘵𝘣𝘦𝘢𝘵 𝘜𝘯𝘥𝘦𝘳 𝘛𝘩𝘦 𝘞𝘩𝘪𝘵𝘦 𝘊𝘰𝘢𝘵
Fanfiction"ရင်ခုန်သံကို ဒေါက်တာ့ နားကြပ်လေးနဲ့နားထောင်ကြည့်လေ"