Unicode
ခတ္တာ ဒီအပတ်ထဲတော့ ခွင့်ရတာနဲ့ အိပ်ရေးဝဝ အိပ်ပြီး ကော်ဖီသောက်ရင်း စာဖက်နေတုန်း ခတ္တာဆီကို ဖုန်းဝင်လာသည်။
Contact nameကြည့်လိုက်တော့ "လူဆိုးကောင်"ဆိုတာနဲ့ ဖုန်းကိုင်လိုက်သည်။
"Hello"
"ဒေါက်တာ ခုဘယ်မှာလဲ..."
"အိမ်မှာလေ...ဘာလို့လဲ"
"ဒေါက်တာ ခုချိန်ဆေးရုံမှာရှိနေကြမလို့ ကျွန်တော်ဆေးရုံရောက်နေတာ"
"အော်...ဆေးရုံက ခတ္တာကို ခွင့်တစ်ပတ်ပေးတယ်လေ"
"အော် အဲ့တာဆို အိမ်မှာပဲပေါ့"
"ဟုတ်တယ်"
"အွန်း...ပြီးတာပဲ"
ဇိုင်း ထိုမျှလောက်နဲ့ ဖုန်းချလိုက်သည်။တစ်ဖက်က ခတ္တာကတော့ အဲ့ဒါပဲမေးပြီး ဖုန်းချသွားတဲ့တစ်ယောက်ကို အံ့သြနေမိသည်။
ခတ္တာလည်း စာခနဖတ်ပြီး အိမ်အောက်ကို ဆင်းခဲ့လိုက်သည်။
"မေမေ ဒီနေ့ ဘာချက်ထားလဲ"
"ဝက်သားနီချက်ရယ် ငါးခူကင်မွန်းချဥ်ကိုအရည်သောက်လေးလုပ်ထားတယ်။ပြီးတော့ သမီးအကြိုက် သီးရွက်စုံကြော် ကြော်ထားပေးတယ်"
"ဟုတ် မေမေ သမီး ခနနေ ထမင်းစားမယ်နော်"
"အေအေး"
ခတ္တာနဲ့ မေမေ စကားပြောနေတုန်း ခြံထဲ ကားတစ်စီးဝင်လာသည်။ခတ္တာ လှမ်းကြည့်လိုက်တော့ ဟို လူဆိုးကောင်လေးပင်။နေပါအုံး ခုနက ဆေးရုံမှာပြောပြီး ခုဒီကိုရောက်လာတာ မမြန်လွန်းဘူးလား။
"ဟော...သားပါလား..."
"ဟုတ်...အန်တီဆီလာလည်တာ"
သဘောကတော့ မေမေ့ဆီ လာလည်တာ ခတ္တာဆီ လာတာမဟုတ်ဘူးပေါ့။
"လာပါရှင်...အန်တီကဖြင့်မျှော်နေတာ"
"ဟုတ်...ဒါနဲ့ ဒါက အန်တီ့အတွက် "
"အော်သားရယ် နောက်ဆို ဒါမျိုးအားနာစရာကောင်းတာတွေ မလုပ်ပါနဲ့လား"
"မဟုတ်တာ အန်တီရဲ့"
ခတ္တာလည်း အန်တီနဲ့သား ဖြစ်နေတဲ့ နှစ်ယောက်ကို ဘာမှ ဆက်မပြောတော့ဘဲ ထမင်းစားဖို့ ထမင်းစားခန်းထဲသာဝင်ခဲ့လိုက်သည်။
YOU ARE READING
𝘏𝘦𝘢𝘳𝘵𝘣𝘦𝘢𝘵 𝘜𝘯𝘥𝘦𝘳 𝘛𝘩𝘦 𝘞𝘩𝘪𝘵𝘦 𝘊𝘰𝘢𝘵
Fanfiction"ရင်ခုန်သံကို ဒေါက်တာ့ နားကြပ်လေးနဲ့နားထောင်ကြည့်လေ"