Unicode
ဇိုင်း မနေ့မနက် ကတည်းကနေ ခုထက်ထိ ငြိမ်းကိုဖုန်းလည်း မခေါ်သလို စကားလည်းမပြောပါ။ဒီလိုလုပ်နေလို့ နေနိုင်လား ဆိုတော့လည်း ဇိုင်း မနေနိုင်ပါ။ဒါပေမယ့် ငြိမ်းလုပ်ပုံက ဟုတ်မနေတော့ ဇိုင်းက စိတ်ကိုတင်းပြီးသာ နေလိုက်သည်။
ကိုယ့်ချစ်သူ ကိုယ် မောင် လို့ခေါ်တာကို ပတ်ဝန်းကျင်ကို ဂရုစိုက်နေသေးတာ ဟုတ်ကို မဟုတ်နေပါ။
သူအဲ့ကိစ္စနဲ့ပတ်သက်ပြီး ငြိမ်းကို စိတ်ဆိုးနေတာကို ငြိမ်းက မသိတာလား ဒါမှမဟုတ် သိသိရက် နဲ့ မသိချင်ယောင်ဆောင်တာလားမသိပါ။
တကယ်တမ်းဆိုရင် ငြိမ်းဘက်ကသာ ဖုန်းလေး အရင်စခေါ်ပြီး မောင် လို့ စခေါ်လာကတည်းက ကို ဒီကကောင်က အလျော့ပေးလိုက်မှာကို ခုငြိမ်းလုပ်ပုံနဲ့က နည်းနည်းမှ ဟုတ်မနေတော့ပါ။
လူကို ပစ်ထားရတာ မောင့်ငြိမ်းလေးက သိပ်ပျော်နေသည်ထင်ပါရဲ့။
ဇိုင်း လည်း စိတ်က မကြည်တာနဲ့ ရေခဲသေတ္တာထဲက ဘီယာ သုံးဘူးထုတ်ကာ ဝရံတာမှာ ထိုင်သောက်နေလိုက်သည်။
"တင်း တင်"
ထိုစဥ် တံခါးဆီမှ အသံမြည်လာတော့ ဇိုင်း တံခါးထဖွင့်ဖို့သွားလိုက်ပြီး တံခါးဖွင့်လိုက်သည်။
တံခါးဖွင့်ဖွင့်ချင်းမှာပါ မြင်လိုက်ရတာက သူရဲ့ နှစ်ယောက်မရှိတဲ့ ငြိမ်းလေး။
ဘာလဲ ဒါက အိမ်ထိရောက်ချလာတာပေါ့။
ဇိုင်း စိတ်ထဲမှာပျော်နေပေမယ့် အပြင်မှာတော့ မသိသလိုနေပြီး တံခါးကိုဖွင့်က သူကပဲ အရင်ရှေ့ကနေ ဦးဆောင်ပြီး ခုနနေရာမှာ ပြန်ထိုင်ပြီး ဘီယာဘူး ကိုပြန်မော့နေလိုက်သည်။
"မောင်"
"......"
"မောင်"
"......."
"မောင့်"
ငြိမ်း သူခေါ်နေတာကို မထူးဘဲ ဆေးလိပ်ဖွာလိုက် ဘီယား ဗူးမော့နေတဲ့ အရှေ့က လူဆိုးကောင်ကို တကယ် စိတ်တိုပြီး အော်ခေါ်ပစ်လိုက်သည်။
"ဟ...ဘာလဲ စိတ်ဆိုးနေတဲ့သူကို အဲ့လေသံနဲ့ပြောနေတာလား.."
"မောင့်ကို ခေါ်နေတာ မောင်က ထူးလို့လား"
YOU ARE READING
𝘏𝘦𝘢𝘳𝘵𝘣𝘦𝘢𝘵 𝘜𝘯𝘥𝘦𝘳 𝘛𝘩𝘦 𝘞𝘩𝘪𝘵𝘦 𝘊𝘰𝘢𝘵
Fanfiction"ရင်ခုန်သံကို ဒေါက်တာ့ နားကြပ်လေးနဲ့နားထောင်ကြည့်လေ"