Unicode
"ငြိမ်း...မောင့်ကို လက်နဲ့ ခွံ့ကျွေးရင်ကော
စားမှာလားဟင်""စားမယ်"
"လိမ္မာလိုက်တာ မောင်က "
ငြိမ်းလည်း ပြောပြီးတာနဲ့မောင်ယူလာတဲ့ အခြောက်အခြမ်း ဘူးလေးထဲက ကြက်သားကြော်လေးကိုယူပြီး ပန်းကန်ထဲထည့်ကာ မောင့်ကို ခွံ့ကျွေးလိုက်သည်။
"စားလို့ကောင်းလား မောင်"
"အွန်း...ငြိမ်း ခွံ့ကျွေးတာ စားလို့ကောင်းတယ်"
"မောင်"
"အင်း...ငြိမ်း ပြောလေ"
"မောင် ဒီမှာနေရတာ အဆင်ပြေမှာ မဟုတ်လောက်ဘူး...မောင် ပြန်နှင့်လိုက်လေ"
"ဟင့်အင်း ငြိမ်းရှိတဲ့နေရာတိုင်းက မောင့်အတွက် အဆင်ပြေတယ်.."
"ဒါပေမယ့် ဒီမှာက အိမ်မှာလို မဟုတ်ဘူးလေ မောင်ရဲ့"
"ငြိမ်းရှိတဲ့ နေရာတိုင်းက မောင့်ရဲ့ အိမ်ပဲ"
ငြိမ်း သူ့ရှေ့က မောင့်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရပါသည်။ငြိမ်းကြောင့် ဒီလူသားလေးက သူမနေဘူးတဲ့နေရာမှာနေရာ မစားဖူးတာစားနေရနဲ့။
"ငြိမ်းက..."
"မောင့် ကို စိတ်မပူနဲ့နော်ငြိမ်း...မောင်က ငြိမ်းရှိရင် အဆင်ပြေတယ် ဟုတ်ပြီလား...ခုတော့ မောင့်ကို ထမင်းခွံ့ပါအုံး"
"အွန်း"
ငြိမ်းလည်း ပြောမရတဲ့ မောင့်ကို ဘာမှ ဆက်မပြောတော့ဘဲ ထမင်းခွံ့လိုက်သည်။မောင့်ကို ထမင်းခွံ့ပြီးတော့ ဘေစင်မှာ ပန်းကန်နဲ့လက်ဆေးပြီး မောင်နဲ့အတူတူ အိပ်ခန်းဘက်ကိုကူးပြီး ကုတင်ပေါ်လှဲလိုက်ကြသည်။
"ငြိမ်း"
"ဟင်း"
"ဒီကနေ ပြန်ရင် မောင်တို့ လက်ထက်ကြရအောင်နော်"
"အွန်း....မောင့်သဘော"
မောင်က ရုတ်တရက်ပြောလာတော့ ငြိမ်း ကြောင်သွားပေမယ့် ငြိမ်း မငြင်းမိပါ။ဒီလူသားက သူ့အပိုင်ဖြစ်ဖို့ ထိုက်တန်တယ်လေ။
"အင်း ငြိမ်း အိပ်တော့ မနက်ကျရင်လည်း လုပ်စရာတွေ ရှိသေးတယ်မလား"
YOU ARE READING
𝘏𝘦𝘢𝘳𝘵𝘣𝘦𝘢𝘵 𝘜𝘯𝘥𝘦𝘳 𝘛𝘩𝘦 𝘞𝘩𝘪𝘵𝘦 𝘊𝘰𝘢𝘵
Fanfiction"ရင်ခုန်သံကို ဒေါက်တာ့ နားကြပ်လေးနဲ့နားထောင်ကြည့်လေ"