Unicode
ခတ္တာ Night Duty ပြီးတာနဲ့ မနက် ၆နာရီ ထိုးတာနဲ့ အိမ်ကို ပြန်ခဲ့လိုက်သည်။
"ဟော ...သမီးလေး ပြန်လာပြီလား"
"ဟုတ်မေမေ ခတ္တာ မျက်နှာသစ် ပြီးမှ မနက်စာစားဖို့ ပြန်ဆင်းခဲ့မယ်နော်"
"ဟုတ်ပြီ သမီးလေးကိုစောင့်နေမယ်"
"ဟုတ်"
ခတ္တာလည်း လူက နည်းနည်းနုံးနေတာနဲ့ ရေပါ တခါတည်းချိုးပြီး အိမ်နေရင်း ဝတ်စုံကိုဝတ်ပြီး အောက်ထပ်ပြန်ဆင်းခဲ့လိုက်သည်။
"မေမေ ခတ္တာ ပြီးပြီနော် မနက်စာစားကြတော့မှာမလား"
"ဟုတ်ပြီ ...သမီးထိုင်တော့ မေမေ သမီးဖေဖေကို ခေါ်လိုက်အုံးမယ်"
"ဟုတ် မေမေ"
"ကိုငြိမ်းမောင်ရေ ကိုငြိမ်းမောင်"
"ကိုယ်လာပြီ ယဥ် ရေ"
"ဘယ်နားမှာမို့ ဒီလောက် ခေါ်နေတာ မကြားရတာလဲ ကိုငြိမ်းမောင်ရယ်"
"ယဥ် ပဲ ဟိုနေ့က သစ်ခွပန်းခြင်းလေးတွေကိုရွေ့ချင်တယ်ဆို အဲ့တာကြောင့် ကိုယ်က သွားရွေ့ပေးနေတာလေ"
"မနက်ခင်း အစောကြီးကို"
"ကိုယ်အားနေတာနဲ့ လုပ်လိုက်တာပါ ယဥ် ရာ"
"ဟွန်း...ထားလိုက်ပါတော့ ...သမီးစောင့်နေပြီး မနက်စာစားတော့ရအောင်"
"ဟုတ်ပါပြီ ယဥ်ရယ်"
ခတ္တာ ရှေ့က ဖေဖေနဲ့မေမေ့ကိုကြည့်ပြီး ပြုံးမိသည်။ဖေဖေနဲ့မေမေက အသက်တွေသာ ကြီးလာပြီး အချိန်တွေသာပြောင်းလဲလာတာ တစ်ယောက်ပေါ် တစ်ယောက်ထားတဲ့ ချစ်ခြင်းမေတ္တာထားတဲ့ ချစ်ခြင်းမေတ္တာတွေကတော့ ခုထက်ထိ မပြောင်းလဲသေးပါ။
ခတ္တာလည်း တစ်ချိန်ကျရင် ဖေဖေနဲ့မေမေလို ပျော်ရွင်စရာကောင်းတဲ့ အသိုက်အမြုံလေးနဲ့အေးအေးချမ်းချမ်းလေး နေထိုင်ဖို့ စိတ်ကူးထားပါသည်။ခတ္တာလည်း အတွေးတို့ကို လက်စသတ်လိုက်ပြီး မနက်စာစားရန်ပြင်လိုက်သည်။
"သမီး"
"ရှင်ဖေဖေ"
"night dutyဝင်ထားတာဆိုတော့ ဒီနေ့တော့ဆေးခန်းမဖွင့်ဘဲနားလိုက်လေ"
YOU ARE READING
𝘏𝘦𝘢𝘳𝘵𝘣𝘦𝘢𝘵 𝘜𝘯𝘥𝘦𝘳 𝘛𝘩𝘦 𝘞𝘩𝘪𝘵𝘦 𝘊𝘰𝘢𝘵
Fanfiction"ရင်ခုန်သံကို ဒေါက်တာ့ နားကြပ်လေးနဲ့နားထောင်ကြည့်လေ"