Unicode
ဇိုင်း နာရီကြည့်လိုက်တော့ ၂နာရီကျော်နေပြီဖြစ်သည်။ဒေါက်တာ ခွဲခန်းထဲက မထွက်လာသေးတာလား။ဒါမှမဟုတ် ခွဲခန်းထဲကထွက်လာပြီး ဒီကိုပဲ မလာတော့တာလား။ ဇိုင်း
တစ်ယောက်တည်း အတွေးများနေတုန်း
ဇိုင်း အခန်းရှေ့က ဖြတ်လျှောက်တဲ့ Nurseမလေးနဲ့ ဒေါက်တာတစ်ယောက် စကားပြောသံကိုကြားလိုက်ရသည်။"ဒေါက်တာ ခတ္တာကတော့ အရမ်းစိတ်မကောင်းဖြစ်နေတော့မယ်တယ်နော်"
"အင်းပေါ့...ဒါပေမယ့် သူ အကောင်းဆုံး ကြိုးစားခဲ့တာပဲလေ...လူနာကလည်း လာကတည်းက အခြေအနေမှ မဟန်တော့တာ...ခွဲခန်းထဲမှာ ဒေါက်တာခတ္တာ အကောင်းဆုံးကြိုးစားခဲ့တာ ညီမလည်း သိတာပဲကို"
"ဒါမဲ့ ...ဒေါက်တာခတ္တာ ငိုနေတော့မယ်ထင်တယ်...ခုနက ဆေးရုံအပြင်သွားလိုက်တာတွေ့လိုက်တယ်"
"အွန်း လွှတ်ထားပေးလိုက်ပါ"
ဇိုင်း အပြင်က ဆရာဝန်နဲ့ Nurseမတို့နှစ်ယောက် စကားပြောသံကိုကြားပြီး သူ အနွေးထည် အပါးလေးတစ်ထည်ကောက်ကိုင်ကာ ဆေးရုံ အပြင်ဘက်ကို ထွက်ခဲ့ပြီး သူ့ဒေါက်တာကို ရှာပုံတော်ထုတ်လိုက်သည်။
ဟော တွေ့ပါပြီ။သစ်ပင်အောက်က ခုံတန်းပေါ်မှာ ထိုင်ပြီး လက်နှစ်ဖက် ဒူးပေါ်ထောက်တင်ထားပြီး ခေါက်ငုံ့နေသည်။ကြည့်ရသလောက် ငိုနေတာဖြစ်မည်။
ဇိုင်း လည်း သူ့ဒေါက်တာ အနား သွားလိုက်ပြီး ဘေးမှာ အသာလေးထိုင်လိုက်သည်။
"ဒေါက်တာ ငိုနေလို့လည်း ဟိုလူနာက ပြန်ရှင်လာမှာ မဟုတ်ဘူးလေ"
"ဟင်း"
ခတ္တာ တစ်ယောက်တည်း ထိုင်ငိုနေရင်း အနားကနေ အသံကြားလို့ကြည့်မိတော့ ဟိုလူဆိုးကောင်။သူကခုချိန်ထိ မအိပ်သေးတာလား။
"ဘယ်လို သိတာလဲ"
"ခုနက ဆရာဝန် တစ်ယောက်ပြောတာကြားလိုက်တယ်"
"အွန်း"
"ဒေါက်တာ အကောင်းဆုံးကြိုးစားခဲ့ပြီးပြီလေ ...လူဆိုတာ အချိန်တန်ရင် အဲ့လမ်းသွားကြမှာပဲ..."
"ဒါပေမယ့်...ကိုယ်လက်နဲ့ကုပေးတဲ့ လူနာကိုတော့...ဒီလို ဘယ်ဖြစ်စေချင်မလဲ...ဟင့်"
YOU ARE READING
𝘏𝘦𝘢𝘳𝘵𝘣𝘦𝘢𝘵 𝘜𝘯𝘥𝘦𝘳 𝘛𝘩𝘦 𝘞𝘩𝘪𝘵𝘦 𝘊𝘰𝘢𝘵
Fanfiction"ရင်ခုန်သံကို ဒေါက်တာ့ နားကြပ်လေးနဲ့နားထောင်ကြည့်လေ"