Unicode
ဇိုင်း ဒီညလည်း အိမ်မှာ မနေချင်တာနဲ့ ပုံမှန်အတိုင်းပဲ ကားမောင်းပြိုင်ရန် ပြိုင်ကွင်းထဲသို့ထက်အောင်နဲ့အတူ လာခဲ့လိုက်သည်။
"ဇိုင်း...ဒီည လောင်းကြေး ဘယ်လောက်လဲ"
"၁၀၀"
"ဟ မင်းဟာက မများဘူးလွန်းဘူးလား"
"ပါးပါးလေးပါ...အိမ်က ပိုက်ဆံတွေကို ထိုင်ဖြုန်းရမယ်လေ"
"အေဖြုန်းတာက ဖြုန်း ဒီည မင်းနဲ့ပြိုင်မယ့် ကောင်က ခေသူတော့ မဟုတ်ဘူးနော် သူလည်း အကောင်ကြီးထဲကပဲ ပြီးတော့ သူလည်းဝါရင့်ပဲ"
"ဟျောင့်...မင်းဖထွေးအကြောင်းလာပြောမနေနဲ့...ဇိုင်းဆိုတဲ့ကောင်ရဲ့ ရာဇဝင်မှာ အရှုံးဆိုတာမရှိဘူး"
"အေ့ပါ ကွာ..ချချ"
"အေ မင်းကော မဆွဲတော့ဘူးလား တစ်ပွဲလောက်"
"နိုး ...ငါဒီနေ့ နားထားတယ်"
"အေအဲ့တာဆိုစောင့်နေ"
"okay"
ဇိုင်း ထက်အောင်ကို ပြောပြီး သူ့ပြိုင်ကားဆီကိုဦးတည်လိုက်သည်။
သူ့ကားရဲ့တစ်ဖက်တစ်ချက်မှာတော့ ခုနက ထက်အောင်ပြောတဲ့ အကောင်ကြီးဆိုတဲ့ ကောင်ဖြစ်ပုံရသည်။ရုပ်ကတော့ တကယ်ဒေါက်မကျိုးသည့် ရုပ်ပင်။
ဇိုင်း လည်းဘာမှ မတွေးတော့ပဲ အရှေ့က အချက်ပြ နေသည်ကိုပဲအာရုံစုလိုက်သည်။
ကားရှေ့က စော်က အလံလွှင့်ပြီးတာထွက်ဖို့ အချက်ပြတာနဲ့ ဇိုင်းလည်း အရှိန်အဟုန်းပြင်းစွာနဲ့ စထွက်လိုက်လေသည်။"ဘွန်း...ဘွန်း"
"ဒုန်း..."
ဇိုင်း ကိုယ့်လမ်းကြောင်းအတိုင်းကိုယ်မောင်းနေတာကို တစ်ဖက်က ဟိုကောင်က ဘလိုင်းကြီး ဝင်နှောင့်လာသည်။
ဇိုင်းက ကိုယ့်ဟာကိုယ် အေးဆေးနေနေပေမယ့် သူ့ကိုရန်လာရှာရင်တော့ ဒါက သူ့ကိစ္စဖြစ်သွားပြီလေ။ဇိုင်းကို ဒီလို လာလုပ်လို့ရမယ်ထင်လို့လား။
"ဒုန်း...ဘုန်း"
ဇိုင်းလည်း ကားကို အရှိန်လျော့ပြီး ဟိုကောင့်ကားကို ဝင်တိုက်လိုက်သည်။နောက်ကကောင်ကတော့ ကားpositionပြန်ချိန်နေတာကို ဇိုင်း ခနဲ့တဲ့တဲ့ ပြုံးပြီး သူ့ကားကို အရှိအဟုန်ပြင်းစွားနဲ့ကျော်တတ်လာခဲ့သည်။
YOU ARE READING
𝘏𝘦𝘢𝘳𝘵𝘣𝘦𝘢𝘵 𝘜𝘯𝘥𝘦𝘳 𝘛𝘩𝘦 𝘞𝘩𝘪𝘵𝘦 𝘊𝘰𝘢𝘵
Fanfiction"ရင်ခုန်သံကို ဒေါက်တာ့ နားကြပ်လေးနဲ့နားထောင်ကြည့်လေ"