*Mature on
*Warning AlertUnicode
ငြိမ်းတို့ နက်ဖြန်ဆို ရန်ကုန်ကို ပြန်တော့မှာဖြစ်သည်။ဒီမှာလုပ်စရာရှိသည့်ကိစ္စတွေကိုအကုန်လုပ်ပြီးပြီဖြစ်သည်။ဒီတစ်ပတ်ကတော့ မပြန်ခင် လျှောက်ကြည့်ပြီးအနား ယူကြမှာမို့ အာလုံးက အေးဆေးနားနေ ကြသည်။
"မောင် ဒီနေ့ ရွာထဲမှာ ရိုးရာ လက်ချည်ပွဲ ရှိတယ်တဲ့ သွားကြည့်ကြမယ်နော်"
"အွန်း ငြိမ်းသဘော"
ငြိမ်းလည်းမောင့်ကိုခေါ်ပြီး လက်ချည်ပွဲကို ဆရာဝန်တွေနဲ့အတူတူ သွားလိုက်သည်။
ပွဲကိုရောက်တော့ အားလုံးက ကရင်ရိုးရာ ဝတ်စုံတွေ ဝတ်ထားပြီး သူတို့ရိုးရာဓလေ့တွေအတိုင်းလုပ်နေကြသည်။ငြိမ်းလည်း စိတ်ဝင်တစားနှင့်သေချာ ကြည့်လိုက်ပြီး ခနနေတော့ မောင့်ဘက်ကို လှည့်လိုက်သည်။မောင်ကရှိမနေပါ။ငြိမ်းလည်း မောင့်ကိုရှာပုံတော်ထွက်လိုက်တော့ မောင်က လူရှင်းတဲ့တောင်းစောင်းတနေရာမှာ တခြားဆရာဝန်တွေနဲ့စကားပြောနေကြသည်။ငြိမ်းလည်းမောင့်အနားကိုသွားလိုက်ပြီး မောင့်ကိုခေါ်လိုက်တော့ ငြိမ်းရှေ့မှာ မောင်က ဒူးထောက်လာသည်။
"ဟင်း.....မောင်...ဘာဖြစ်တာလဲ"
"ငြိမ်း...မောင့်ကို လက်ထက်မယ်မလားဟင်"
မောင်က မေးပြီး ဗူးလေးတစ်ခုကိုဖွင့်လာသည်။မောင်က ငြိမ်း မထင်ထားတဲ့ အချိန်မှာ ငြိမ်းကို လက်ထက်ခွင့်တောင်းလာသည်။မောင် ဘယ်ကတည်းက စီစဥ်ထားလည်း တောင် ငြိမ်း မသိပါ။
"အင်း...ငြိမ်း လက်ခံတယ်နော်"
ငြိမ်း ဖြေလိုက်တော့ မောင်က ထလာပြီး ငြိမ်းလက်ကလေးမှာ လက်စွပ် ကလေး စွပ်ပေးလာသည်။
"ကျေးဇူးပါနော် ငြိမ်း"
"မောင် ဘယ်ကတည်းက စီစဥ်ထားတာလဲဟင်း..."
"ငြိမ်းနဲ့ ဟိုကိစ္စဖြစ်ပြီး နောက်နေ့ကတည်းက ဝယ်ထားတာ"
မောင်က တိုးတိုးလေးကပ်ပြောလာသည်။
"မောင်နော်..."
"ချစ်လို့လေ"
"နမ်းပါ နမ်းပါ နမ်းပါ"
YOU ARE READING
𝘏𝘦𝘢𝘳𝘵𝘣𝘦𝘢𝘵 𝘜𝘯𝘥𝘦𝘳 𝘛𝘩𝘦 𝘞𝘩𝘪𝘵𝘦 𝘊𝘰𝘢𝘵
Fanfiction"ရင်ခုန်သံကို ဒေါက်တာ့ နားကြပ်လေးနဲ့နားထောင်ကြည့်လေ"