Part 7

1.7K 37 1
                                    

Unicode

"ဇိုင်း"

"...."

"ဇိုင်း"

"ဘာလဲ"

"မင်း ...ကိုယ့်အဖေခေါ်တာကို အဲ့လိုပဲထူးရသလား....မင်း ငါ့ကိုကော အဖေလို့သတ်မှတ်သေးရဲ့လား"

"အဖေလို့ သတ်မှတ်စေချင်ရင် အဖေ လိုနေလေ ခင်ဗျား လုပ်ပုံက ဘယ်နားကို အဖေခေါ်ချင်စရာကောင်းလို့လဲ"

"ဟာ....မင်း"

"ဘာလဲ ....အမှန်တရား ပြောတော့ နာတာလား"

"...ဒီမှာ မင်းရှာတဲ့ ပြဿနာကို အိမ်ကိုသယ်မလာနဲ့ပြောထားတယ် မဟုတ်ဘူးလား"

"ခုကော....ဘာဖြစ်လို့လဲ"

"ဘာဖြစ်ရမှာလဲ....မနေ့ညက မင်းနဲ့ရန်ဖြစ်ပြီး မင်းလုပ်စုတ်လိုက်တဲ့ ကောင်ကို မင်းကဘယ်သူလို့ထင်လို့လဲ"

"ဘယ်သူမို့လို့လဲ...."

"ဘယ်သူရမှာလား....ငါ့ရှယ်ယာဝင်ရဲ့ သားကွ....မင်း...ကိုယ့်အဖေ ကို မျက်နှာ ပျက်အောင်လုပ်ရတာ ပျော်မှ ပျော်ရဲ့လား"

"ဟ....သူတို့အဲ့လောက်ဖြစ်နေရင် လျော်ကြေးပေးလိုက်လေ....ခင်ဗျားပိုက်ဆံတွေ သုံးမကုန်အောင် ပေါနေတယ်လား"

ဇိုင်း တကယ်စိတ်ညစ်လာရသည်။ဖြစ်သမျှပြဿနာတိုင်းကို သူတို့ပဲရှင်းနေကြမလား။ခုမှရေးကြီးခွင်ကျယ်လာလုပ်နေကြသည်။

"အေ ပိုက်ဆံပေါနေတာက အားအားယားယားရနေတာမဟုတ်ဘူး "

"ကျုပ်ရှာတဲ့ပြဿနာတွေကိုလိုက်ရှင်းပြီး ကျုပ်သုံးဖြုန်းနေတဲ့ ပိုက်ဆံတွေက ခင်ဗျား မယားငယ် တစ်ရက်တစ်ရက် သုံးနေတာနဲ့ ယှဥ်ရင် အကွာကြီးပါပဲဗျာ"

"အေ ...ငါက ပိုက်ဆံကိစ္စပြောနေတယ်ထင်လို့လား...မင်းခုလုပ်လိုက်တာ လူကြီးချင်းမျက်နှာပျက်စေတယ် ...ပြီးတော့ လူပ်ငန်းရှင်အချင်းချင်းလေ"

"ခင်ဗျား လို ပိုက်ဆံရှိတဲ့ လူတစ်ယောက်ကို ဘယ်သူကမှ အပြစ်မပြောရဲဘူး"

"အေး လူတိုင်းကို မင်းလို လိုက်ထင်မနေနဲ့"

"ခင်ဗျား လည်း ကျုပ်ကိုခင်ဗျား လို ထင်မနေနဲ့"

𝘏𝘦𝘢𝘳𝘵𝘣𝘦𝘢𝘵 𝘜𝘯𝘥𝘦𝘳 𝘛𝘩𝘦 𝘞𝘩𝘪𝘵𝘦 𝘊𝘰𝘢𝘵 Where stories live. Discover now