Ep 3 (uni)

7K 428 31
                                    

"ဟဲ့ လပြည့် နင်ယောကျာ်းရကံကောင်းပါတယ်ဟယ်...ဒီရွာကလူတွေဆို နင့်ကိုအဲ့လောက်တန်ဖိုးထားမှာမဟုတ်ဘူး၊ ဟိုလိုပြောတာမဟုတ်ဘူး သိတဲ့အတိုင်းရှေးရိုးစွဲအတွေးတွေနဲ့"

"အေးဟုတ်တယ်နော် ဟို နင့်လူကြီးရဲ့မိဘတွေဆို နင်ဘာလဲသိတာတောင်ဘာမှ‌မပြောပဲ လက်ခံပေးတဲ့အပြင် အလှူတောင်အင်တိုက်အားတိုက်ပါ၀င်ပေးလို့ ငါတို့မှာအံ့ဩနေတာ"

လဲ့လဲ့၀င်း နှင့် မျိုးစံက လပြည့်ဖို့လက်ဆောင်တွေလာပေးကြရင်း ဟိုလူကြီးအားချီးမွန်းခန်းဖွင့်နေ၏။ ခဏနေရင် လပြည့်နဲ့သက်ဆိုင်သွားပြီဖြစ်တဲ့ သူစိမ်းတွေနှင့်အတူလိုက်သွားရတော့မှာ။ လပြည့်စိတ်ထဲ ၀မ်းနည်းတာလိုလို၊ ငိုချင်တာလိုလိုနဲ့။ ဒီရွာဒီမြေနှင့် ကျောင်းသွားတက်တဲ့အချိန်ကလွဲ ခွဲဖူးတာမဟုတ်! ဖေကြီး မေကြီး တို့နဲ့လည်းမခွဲချင်။ ပြီးတော့ သူငယ်ချင်းမတွေနဲ့လည်း စကားပြောဖော်မရှိတော့မဲ့အဖြစ်ကိုတွေးကာ ခုကတည်းက အထီးကျန်နေလှပြီ။

"ဟဲ့ လပြည့် နင့်မျက်နှာကလည်း ငိုချတော့မလိုပဲ... နင်ကအဲ့လိုဖြစ်နေတော့ငါတို့ကဘယ်စိတ်ကောင်းမလဲ ဟင့်"

လဲ့လဲ့က ပြောရင်းငိုတော့သည်။ သူတို့တွေ လပြည့်ကို တကယ့်မောင်နှမသားချင်းလို ချစ်ကြတာ...

"ဟိုရောက်လို့ရှိရင် နင်အဆင်ပြေမပြေဖုန်းလှမ်းဆက်နော်၊ ပြီးတော့ နင့်လူကြီးကနင့်ကိုအနိုင်ကျင့်ရင်လဲဖုန်းလှမ်းဆက် သိလား"

မျိုးစံပြောမှ လပြည့်ပိုငိုချင်လာသည်။ တကယ်လပြည့်အပေါ် နွေးထွေးပေးတဲ့သူတွေ။

"အင်းပါ လပြည့်အားရင်အားသလိုဖုန်းခဏခဏဆက်မယ်နော် ဟင့်"

ပြောရင်း သုံးယောက်သား ဖက်ကာငိုချကြတော့သည်။ သူတို့ငိုသံတွေ အပြင်ထိတောင်အတိုင်းသား။

"အမကြီးတို့စိတ်ချပါ၊ မထင်မှတ်ပဲဖြစ်သွားတဲ့ကိစ္စဆိုပေမဲ့ အမကြီးသမီးကို မျက်နှာမငယ်အောင်ထားပေးမှာပါ"

ဒေါ်တုနှိုင်းမေစကားကိုကြားတော့ လပြည့်အမေက ငိုချင်တာကိုထိန်းထားကာ လက်လေးနှစ်ဖက်အားဆုပ်ကိုင်၍ ကျေးဇူးအထပ်ထပ်‌တင်နေလေ၏။

ရှုမငြီးတဲ့ ချစ်ဇနီးလေးWhere stories live. Discover now