"မဂျော့ ကိုခန့်နိုးပြီလားဗျ""အော် တစ်ခေတ် မင်းတို့အကိုက အခုထိ အိပ်တုန်း အခန်းထဲသွားနိုးလိုက်လေ"
"ဟုတ်ကဲ့မဂျော့"
ဒီနေ့က တနင်္ဂနွေနေ့ ၊တနင်္ဂနွေနေ့တိုင်း တစ်ခေတ်နဲ့ ကိုကို က တစ်ခေတ်အိမ် လမ်းထိပ်က ရှမ်းဆိုင်မှာ အမြဲ မနက်စာသွားစားတာ
ကိုကို မိသားစုနဲ့လဲ ရင်းနှီးနေတဲ့သူတွေမို့ အဲ့နေ့တွေတိုင်း သူကဘဲ ကိုကို့ ကို လာနိုးရသည်။တစ်နှစ် သူနဲ့ကိုကို တွဲနေတာ တစ်နှစ်ပြည့်သွားပြီ။ ဒါပေမယ့် နှစ်ဖက်မိဘတွေနဲ့ အမျိုးတွေ ဘယ်သူမှ မသိကြသေး။ အသိပေးဖို့လဲ မရဲသေးတာကြောင့် နှစ်ယောက်လုံး မပြောဖြစ်ပါ။
အခြားနေရာတွေမှာသာ ကိုကို နဲ့မောင် ခေါ်ဆို ကြပေမယ့် မိသားစုဝင်တွေရှေ့မှာ ဆင်ခြင်ရပါသည်။ကိုကို့ အဖေသာ ရိပ်မိသွားရင် ကိုကို့ ခြေထောက်ကျိုးမလား ကြိမ်လုံးဘဲ ကျိုးမလားတော့မသိ။
အတွေး ဖျောက်ပြီး ကိုကို့ ကို နိုးဖို့လုပ်ရသည်။
"ကိုခန့်!!"
"အမ် ထပြီ ထပြီ"
"ညတွေစောစောအိပ်ပါဆိုတာကို ဘယ်ချိန်မှ အိပ်သလဲမသိဘူး"
ခန့်ညား အိပ်ရာဘေး မတ်တပ်ရပ်ပြီး ပွစိပွစိ လုပ်နေသူကြောင့် ခန့်ညားမှာ အမြန်ထရသည်။
မဟုတ်ရင် သူ့ခန္တာကိုယ် တစ်နေရာရာမှာ ကိုက်ရာတွေဖြစ်တော့မယ်။"မျက်နှာသွားသစ်လေဗျာ"
"အင်းအင်း ညီက အခန်းထဲက စောင့်မှာလား အပြင်ကနေစောင့်မှာလား"
"အခန်းထဲကဘဲစောင့်တော့မယ်"
"oki"
မိသားစုတွေရှိတဲ့ နေရာတွေမှာတော့ ခန့်ညားက ညီလို့သာ ခေါ်ဝေါ်တတ်သည်။
"သွားမယ် ပြီးပြီ"
"အင်းအင်း "
~~~~~~~~~~~~~~
ခန့်ညား တစ်ခေတ်နဲ့ လမ်းယှဥ်လျှောက်ကြည့်မှ သတိထားမိသည်။တစ်ခေတ်အရပ်က သူ့နားရွက်ဖျားနားတောင်ရောက်နေပြီ။
"မောင် မင်းအရပ်တွေရှည်လာပြီ"
"အင်းဟုတ်တယ်"
YOU ARE READING
မောင့်အချစ်ဦး
Romanceပထမဆုံးရေးတာပါဗျ ကိုယ့်သူငယ်ချင်းအကြောင်းကို အခြေခံပြီးရေးမှာပါဗျ လိုအပ်ချက်တွေအများကြီးရှိနိုင်တာမို့ သည်းခံပြီးဖတ်ပေးကြပါဗျ