part-15

8 1 0
                                    

"ကိုကို ကိုကိုလို့!"

"အင်း ညီပြောလေ"

"ကိုကို ညီ့ကိုရှောင်နေတယ်မလား"

"ဟာ..မရှောင်ပါဘူး ညီရ"

ကိုကို လိမ်နေတာ မူးပြီးသူ့ကိုရစ်တဲ့နေကထဲက သူ့ကို ရှောင်နေတာ အခု သူနဲ့စကားပြောရင်းတောင်း နားရွက်ဖျားတွေက နီနေတာ

"ကိုကို ရှက်နေတာလား ဟိုနေ့က မူးပြီးရစ်တဲ့ကိစ္စ"

"..အွန်း"

"ဟာ..ကိုကိုရာ အဲ့ဒါရှက်စရာမှမဟုတ်တာ"

"ဒါမယ့်..."

"တော်တော့ ကိုယ့်ကောင်လေး ကိုယ်ရစ်တာ ရှက်စရာလားဗျ"

"မသိဘူးကွာ"

"ခ်ခ် ချစ်စရာလေး "

"ညီ ကိုယ်ချစ်စရာကောင်းတာ မဟုတ်ဘူး ချောတာ"

ပြောနေရင်းပင် ခန့်ညားမျက်နှာ ဆူပုတ်လာသည်။ ဒီလောက်ချောနေတဲ့မျက်နှာကို ဘယ်သူက နေနေ ချစ်စရာလေး ဆိုတာကြီးလာပြောနေကြတာ

"ပြီးတော့ ညီ"

"ဟုတ်"

"ညီ ကိုယ်ရစ်တာ လွန်း တို့ကိုသွားပြောလိုက်တာလား"

"အင်းလေ "

"ဟာ..သွားပါပြီ "

"ဘာလို့လဲ ကိုကို ရ"

"အခု သူတို့က ကိုယ့်ကို ဘာပြောကြတယ်ထင်လဲ"

"ဘာပြောတာလဲဟင်"

"ကိုယ့်ကို Bထိုင်ရတော့မှာတဲ့"

"ဗျာ ဟားဟား! !"

"ညီ မရယ်နဲ့ကွာ"

."ဟုတ်ပါပြီ မရယ်တော့ဘူး ကိုကို "

"ပြော"

"မလွန်းတို့ ပြောသလို Bထိုင်မလားဟင်"

"ဘာ!!မရပါဘူး "

"ဘာလို့လဲ"

"ညီက ကိုယ့်ထက်ပုတယ်"

"အရပ်ကထွက်ဦးမှာလေဗျာ"

"ဟင့်အင်း"

"ကိုကို Bထိုင်မှာလား မထိုင်ဘူးလား"

တစ်ခေတ် အသံမှာ အနည်းငယ်မာလာသည်။ ခန့်ညားက အခါတိုင်းတစ်ခေတ်ကို မကြောက်ပေမယ့် တစ်ခေတ် ဒေါသ ထွက်ရင်တော့ကြောက်ရသည်။

မောင့်အချစ်ဦးWhere stories live. Discover now