part-3

26 3 4
                                    

နောက်တစ်နေ့ကျောင်းတွင်
"လင်းခေတ်"
ခန့်ညားသည်သူ့ဘေးတွေပုံတွေလျှောက်ဆွဲနေသော သူငယ်ချင်းမလေးအားခေါ်လိုက်သည်။

"ပြောစေ"

"ငါမေးစရာရှိလို့"

"မေးလေ ဘာမေးမှာလဲ"

"ဒီလိုကွာ လူတစ်ယောက်ကို မြင်မြင်ချင်းမရင်းနှီးသေးဘဲ စနောက်ချင်တာချင်ဘာလို့လဲ"

"ဟမ် မင်းဟာက ဘယ်လိုမေးခွန်းကြီးလဲ"

"ဟာ..နင်သိတယ်ပြောပြ အဲ့ဒါဘာကြောင့်လဲ"

"အမ်....ဘယ်လိုပြောရမလဲ အဲ့ဟာကို"

လင်းခေတ်သည်ဆရာမကြီးစတိုင်ဖြင့် စဥ်းစားခန်းဖွင့်နေသည်။

"ဘယ်လို စနောက်ချင်တာလဲဟင်"

" ဒီလိုကွာ သူ့ကိုမြင်ရင်အူယားလာပြီးရင်ထဲကလိကလိနဲ့လေ နင်သိတယ်မလား"

"ငါက ဘယ်သိမလဲ ဖြစ်မှမဖြစ်ဖူးတာ"

လင်းခေတ်သည် ဘုဂလန့်သာပြန်ဖြေသည်။ ဟုတ်ပါသည် လင်းခေတ်သည် အမြဲ wattpad ထဲသာရောက်နေတတ်သည်။ ပြီးတော့ fic ထဲက seme,uke တွေက လွဲရင်ကျန်တဲ့ကောင်တွေကြိုက်စရာလို့ကိုမမြင်။

"အေးပါကွာ ဒါပေမယ့် အဲ့ဒါ ဘာဖြစ်တာလဲ နင်သိတယ်မလား"

"မသိဘူးလေကွာ အဲ့ဒါ ဒီတိုင်း သူ့ပုံစံလေးစနောက်ချင်စရာလေးမို့လဲ ဖြစ်နိုင်တယ်။ သူ့ကိုမြင်မြင်သဘောကျသွားတာလဲဖြစ်နိုင်တယ်"

"မဖြစ်နိုင်တာကြီး"

" ဟ ငါက ငါထင်တာပြောတာလေ မသာရဲ့ အဲ့ဒါဆိုလဲ လာမမေးနဲ့ကွာ"

"စိတ်ဓာတ်ဘဲ နင့်အဲ့လို အပေါက်ဆိုးနေလို့ကြိုက်မယ့်သူမရှိတာ"

"ကြိုက်ကြိုက်မကြိုက်ကြိုက်ကွာ"

လင်းခေတ်သည် အဲ့လိုလူမျိုးဖြစ်သည်။ တခါတလေ ဘုဂလန့်ပြန်ပြောတတ်သလို တခါတလေ ကောင်းကောင်းမွန်မွန် ပြန်ပြောတတ်သည်။ပြီးတော့ မိန်းကလေးဆန်လားဆိုတော့လဲမဟုတ် ယောကျာ်းလေးဆန်တာလဲ မဟုတ် သူက ကြားထဲက ကားယားကြီး။

"ဟဲ့ နောင်"

ခန့်ညားသည် လင်းခေတ်ခေါ်သံကြောင့် အတွေးထဲက ထွက်လိုက်သည်။

"နင်..ဘာလို့အဲ့ဟာ လာမေးတာလဲ"

"ဘာလို့မှမဟုတ်ပါဘူး ဒီတိုင်း သိချင် လို့"

"ဟေး နင် မိန်းမမယူရဘူးနော် ယောကျာ်းပဲယူ ပြီးရင်အောက်ထက်ဆင်း"

"ဟ ဆင်းစရာလား ငါက Top အပေါ်မှာပဲနေမှာ"

"နင့်အနေအထားကြီးနဲ့အောက်ဘဲနေစမ်းပါဟာ"

လင်းခေတ်ဘေးမှတချိန်လုံးငြိမ်နေသည့် လွန်းသော်က မှဝင်ပြောခြင်းပင်။ လွန်းသော်က ၊လင်းခေတ်နဲ့ခန့်ညားသည် ငယ်ငယ်ထဲကပေါင်းလာသည့်ပြောမနိုင်ဆိုမနိုင်သူငယ်ချင်းတွေဖြစ်သည်။

"နင်တို့ကလဲ ငါ့ကို အောက်ထက်ဘဲဆင်းခိုင်းနေ တာ ကြည့်နေ ငါအပေါ်ရအောင်တက်ပြမယ်"

"တက်စေ ပြုတ်ကျရင်တော့ ထိုင်ဟားမှာနော်"

"လင်းခေတ် နင်..."

ခန့်ညား ဆက်မပြောခင် ဆရာဝင်လာတာမို့ငြိမ်လိုက်ရသည်။

ညနေတွင်

"ဟေး ဟိုပေါက်စ "

"မခေါ်နဲ့လို့ဆိုဗျာ"

" ပေါက်စ ပေါက်စလေး "

ခန့်ညားသည်တစ်ခေတ် ပြောလိုက်မှပိုဆိုးလာသည်။

ဒါကတော့ ညနေတိုင်းတွေ့ရသည့်တိုက်ပွဲပင် ခန့်ညားသည် တစ်ခေတ်မကြိုက်တဲ့ဟာလိုက်လုပ်တယ် ပြီးရင် တစ်ခေတ်က အော်ရင်လဲ ဟားတိုက်ရယ်မယ်။

"ဟို အကို ဘောလုံးမကန်ဘူးလား"

ဘောလုံးကွင်းဘေး ထိုင်နေသော ခန့်ညား အား ကွင်းထဲမှ တစ်ခေတ်က ပြောလိုက်ခြင်း။

"ကန်လဲ မကန်ချင်ဘူး ကန်လဲ မကန်တတ်ဘူး"

ခန့်ညား အမှန်တိုင်းပြောလိုက်ခြင်းသာ။ သူသည်ဘောလုံးကန်ရတာမကြိုက်ပါ ။ပြီးတော့ကန်လဲမကန်တတ်ပါ။

" ယောကျာ်းလေးဖြစ်ပြီးတော့"

"ယောကျာ်းလေးတိုင်းဘောလုံးကန်ရမယ်လို့ ဥပေဒေရှိလို့လား"

"မရှိဘူးလေ "

"အဲ့ဒါဆို လာမပြောနဲ့"

"သူ့ကိုဒါလေးပြောတာကို "

တစ်ခေတ်သည် ပါးစပ်မှ ပွစိပွစိဖြင့် ခန့်ညား မကောင်းကြောင်းများပြောနေသည်။

"ဟိုတစ်ယောက် ငါကြားတယ်နော်"

"လျှောက်ပြောနေမကြားဘဲနဲ့"

"ငါကြားတယ်ဆိုကြားတယ်ပေါ့ကွာ"

"ဟွန့်"

တစ်ခေတ်သည် မျက်နှာအားဆူပုတ်ပြီး ဘောလုံးပြန်သွားကန်သည်။ သူဒီလူ့ကိုအနိုင်မပြောနိုင်ပါ ။ တစ်နေ့သူ့ကိုပြန်ပြောနိုင်ရမယ်ကွ ဟူ၍ တစ်ခေတ်စိတ်ထဲမှတွေးလိုက်သည်။

Linn Khit Thway

မောင့်အချစ်ဦးWhere stories live. Discover now