part-18

9 0 0
                                    


  "ကိုကို မနေ့ညက ဘယ်ချိန်အိပ်တာလဲ "

  "ဟမ်"

သွားပြီ ခန့်ညားမနေ့ညက အိပ်တာနောက်ကျပါသည်။ တစ်ခေတ်က စောစောအိပ်ဖို့ပြောတာကို အချိန်မကြည့်မိလိုက်တာမို့ နောက်ကျသွားရသည်။ ပြီးတော့ အခု သူမလိမ်ရဲ ။လိမ်ရင်လဲ ဘယ်လို သိမှန်းမသိ ဒီကလေး ကြောက်ဖို့တော်တော်ကောင်းတာ ။

"ဟို ..အဲ့တာက ဒီလို ညီရဲ့ အယ်..မောင်ရဲ့"

ဟိုနေ့က သူ့ကိုမောင် မခေါ်လို့ သောင်းကျန်းထားတာလေ ခု ညီသွားခေါ် အမလေး ငါ့ဘဝလေး မတွေးရဲစရာ။

"အင်းပြောပါဦး ဘယ်ချိန်အိပ်တာလဲ"

"12ခွဲ"

"ဘာဗျ!!!"

"အိ မောင်ကလဲ ကိုကိုက အချိန်မကြည့်မိလိုက်လို့ပါကွာ နော်"

"ကိုကိုကလေ ပြောရင်လဲ နားမထောင်ဘူး
လူက ကြာရင်လေထဲလွင့်တော့မှာ မျက်နဇာကလဲကြည့်ဦး ခဗျားကလေ ပြောရတာတော်တော်ခက်တာ အစပ်တွေအများကြီးမစားနဲ့ဆိုလဲ ကျွန်တော်မသိအောင်စားတယ်  ဟော အခု အစာအိမ်ဖြစ်နေပြီမလား ဟမ်!!"

ခန့်ညားမှာ ဘာတစ်ခွန်းမှလဲ မဟရဲ မောင်ပြောနေတာလဲ ဟုတ်နေတာကို

"နောက်ညတွေ စောစောအိပ် ကြားလား!"

"အင်းပါသိပါပြီ အိပ်ပါ့မယ်"

~~~~~~~~~~~~~~~~~

"မင်း ခန့်ညားနဲ့စကားပြောဖြစ်လား လင်းခေတ်"

"အင်း ပြောဖြစ်တယ် ဘာလဲ အခုထိမခေါ်ကြသေးဘူးလား"

"အင်း"

"မင်းတို့နှစ်ယောက်လဲ"

ခန့်ညားနဲ့ တည်စေ  စကားမပြောတာတော်တော်ကြာနေပြီ ။ဟိုလူခေါ် ဒီလူ ခေါ်နဲ့ ကြားထဲက ညှိပေးရတဲ့ လင်းခေတ်တောင် ရူးချင်တယ်

"မင်းကလဲ နောင်က ကလေးစိတ်လေ မင်းလဲသိတာဘဲ"

"အေး သိတယ် သိလို့ကိုမခေါ်ချင်တာ"

"ဒီဖေ..."

"မဆဲရဘူး "

"ဆဲမှာဘဲကွာ"

"ဒါနဲ့ အဲ့ကောင် ဟိုကလေးနဲ့မပြတ်သေးဘူးပေါ့ "

"အေးဟုတ်တယ်
သြော်..ပြောဦးမယ် အဲ့ကောင် အောက်ထပ် ရောက်သွားပြီ ခ်ခ်"

"ထင်သား "

"ဟိုကလေးက သူ့ကို တော်တော်နိုင်ပုံဘဲကွ တိတ်ဆို တိတ် ပိတ်ဆို ပိတ်ဘဲ"

"နည်းတောင်နည်းသေး အဲ့ကောင်က အဲ့လိုဟာနဲ့မှကိုက်မှာ"

ခန့်ညားက အရမ်းဆိုးနေတာကြီးတော့မဟုတ်ပါ။ အိမ်က အငယ်ဆုံးလဲ အငယ်ဆုံး ပြီးတော့ ယောကျာ်လေး ဆိုလို့ သူတစ်ယောက်ဘဲပါတာ ။အဲ့ဒါကြောင့် နည်းနည်းလေးပြောရခက်တယ် ။ အခုတော့ သူ့နိုင်တဲ့သူပေါ်ပြီ ။ခံလိုက်ဦး ပေါ့ နောင်ရာ

._________________

fic nameလေး ပြောင်းထားပါတယ်နော်..

မောင့်အချစ်ဦးWhere stories live. Discover now