part-20

6 1 0
                                    


" ဝါးးးး"

ခန့်ညားမှာ တစ်ဝါးဝါးနဲ့ မျက်ရည်တောင်ထွက်တယ်။ မနေ့ညက မီးပျက်တာကြောင့်  Aircon ဖွင့်မရတော့ အိုက်တာနဲ့အိပ်မရဘူး မနက် 3နာရီလောက်မှ အိပ်ပျော်သွားခြင်း။ မနက်လဲ အစောကြီးနိုးပြီးထက်အိပ်မရတော့။
အဲ့ဒါကြောင့် လူက လန်းလန်းဆန်းဆန်း မရှိဘဲ တစ်ဝါးဝါး သန်းနေတာ။

"ဘေဘီ"

"ဗျာ အဖေ"

ဦးမောင်ငွေမှာတစ်ဝါးဝါးသန်းနေတဲ့သားငယ်ကို ကြည့်ပြီး အလိုမကျ ။ဆံပင်ဆုတ်ဖွာနဲ့တကယ့်ကလေးပေါက်စအတိုင်း  အဲ့ကြောင့် မခေါ်ဖြစ်တာ ကြာတဲ့ ဘေဘီဆိုတဲ့ နာမ်စားကိုသုံးလိုက်ခြင်း

ခန့်ညား အိမ်ရဲ့အငယ်ဆုံးဖြစ်တဲ့အပြင် တစ်ဦးထဲသော ယောကျာ်းဖြစ်တာကြောင့် အိမ်က လူမှန်သမျှက သဲသဲလှုပ်။ ခန့်ညားအဖေ ဦးမောင်ငွေဆိုလဲ သူ့သားငယ်ကို တခါတလ ဘေဘီလို့ အချစ်စနိုးနဲ့ ခေါ်တတ်သည်။

"ညက အိပ်မရဘူးလား"

"ဟုတ်တယ် ဖေဖေ အိုက်လို့အိပ်မရဘူး"

"နေ့လည် တရေးတမော အိပ်လိုက်လေ သားငယ်"

ဟင်းချက်နေတဲ့ ခန့်ညား အမေ ဒေါ်ရည်မွန်မှ ဝင်ပြောလာသည်။ လက်ကတော့ ဟင်းချက်မပျက်

"ဟုတ် မေမေ သံလာဝတီ ရောက်ရင်အိပ်လိုက်မယ်"

"သွားဦးမှာလား"

"ဟုတ် "

"ဂရုစိုက်သွားဦး"

"ဟုတ်ကဲ့"

~~~~~~~~~~~~~~~~~

"ကိုကို ညက မအိပ်ဘူး လား"

"အင်"

တစ်ခေတ် ကိုကို့ကိုကြည့်နေတာ ရောက်ကထဲက တစ်ဝါးဝါး.သန်းနေတဲ့ အပြင် ခုလဲ သူ့ရင်ခွင်ထဲဝင်ပြီး မှေးနေပြန်သည်။

"မောင် မငေါက်နဲ့နော်"

"ကဲမငေါက်ပါဘူးဗျာ ပြောမှာသာပြော"

"ညကလေ မနက်၃နာရီလောက်မှ အိပ်ပျော်တာ"

"ဘာလို့လဲ"

တစ်ခေတ်အသံက နည်းနည်းမာလာသလို

"မီးပျက်တော့ အိပ်မပျော်ဘူးလေ"

"အိပ်ပျော်အောင်အိပ်လေဗျာ"

ပြောရင်း ခန့်ညား လက်မောင်းကိုလာကိုက်သည်။

"အားးမောင် နာတယ်ကွ"

"ဟွန်း နောက်အိပ်ပျော်အောင်အိပ်"

"အင်းပါ"

ခဏအကြာ ခန့်ညားကျောပေါ်လာပုတ်ပေးတဲ့ လက်လေးကြောင့်ခန့်ညားနှုတ်ခမ်းလေးက အနည်းငယ်ကော့တက်သွားသည်။
မောင်က သူ့ကို ငေါက်တာကိုက်တာ တွေလုပ်ပေမဲ့ ဒီလိုမျိုးရင်ခွင်ထဲထည့်ပြီး ကလေးလိုလဲ ဆက်ဆံပေးတတ်သေးသည်။

စတွဲတဲ့အချိန်ကတော့ ကိုယ်က အကြီးဆိုတဲ့စိတ်ကြောင့် သူ့ကိုဦးဆောင်ချင်တာ အခုတော့ သူ့ဦးဆောင်မှုနောက်ဘဲလိုက်ချင်တော့တယ်။

~~~~~~~~~~~~

"မောင် ကောင်းလား"

"အင်း ကိုကိုက ဒီလိုတွေလဲလုပ်တတ်တာဘဲလား"

"အင်း စားချင်တာရှိရင်က်ုယ့်ဘာသာလုပ်စားတယ်လေ မသိရင်လဲရှာကြည့်ပြီးလုပ်တာ"

ခန့်ညား အိပ်ရာနိုးတဲ့အထိ တစ်ခေတ်က သူ့ရင်ခွင်ထဲ ထည့်သ်ပ်ပေးသည်။ အခုခန့်ညားအိပ်ရာနိုးတော့ တစ်ခေတ်ကို sandwich လုပ်ကျွေးခြင်း။
ခန့်ညားက မီးဖိုနဲ့ မစိမ်းသက်ပါ ယောကျာ်းလေး က မီးဖိုဂျောင်မဝင်ရဘူးလို့ ဘယ်သူပြောလဲ သူကတော့ သူစားချင်တာ ရှိရင် ကိုယ့်ဘာသာလုပ်စားတာများသည်။ တခါတလေ ဖေဖေတို့ကိုလဲ မုန့်တွေလုပ်ကျွေးဖြစ်သည်။

"ကိုကို "

"ပြောစေဗျာ"

"အသက်တွေကြီးသွားတဲ့ အထိ ကိုကိုက မောင့်ကိုဒီလိုမျိုး မုန့်တွေလုပ်ကျွေးပြီး ဂရုစိုက်ပေး "

"အင်း ဂရုစိုက်ပေးမယ် မောင်ကလဲ အသက်တွေကြီးသွားတဲ့အထိ ကိုကို ဆိုးတာတွေ သည်းခံပေး"

"အင်း ကတိ"

"ကတိ"

ညနေခင်းတစ်ခုမှာ ပေးခဲ့တဲ့ကတိ   ဘယ်ချိန်ထိ တည်နိုင်လောက်လဲ

_____________________

အားးးအပိုင်း 20ထိတောင်ရောက်သွားပါပြီ
ဆက်ရေးနိုင်ပါ့မလားမသိ

မောင့်အချစ်ဦးWhere stories live. Discover now