မိုးရွာထားတာ မကြာသေးတဲ့အချိန်မို့ ရပ်ကွက်လမ်းတွေမှာ ရေဗွက်တွေရှိနေသေးတယ်။ တချို့ အိမ်ဝန်းတွေထဲမှာလဲ မခြောက်သေးတဲ့ ရွှံ့ဗွက် အိုင်လေးတွေကျန်နေသေးတယ်ရှေ့ရက်တွေက မိုးရွာထားသည့်အပြင် ဒီနေ့ ရာသီဥတုကလဲ မိုးအုံ့နေတာမို့ အရမ်းမပူဘဲ နေလို့ကောင်းရုံ
အိမ်ဝန်းတစ်ဝန်းရဲ့ အနောက်ဘက် က ရွှံ့ဗွက် အိုင်ဘေးတွင်ဖြစ်သည်။
"ဟျောင့်ရဲရဲ လာ ဟိုဘက် ပြန်သွားမယ်"
ခန့်ညားရယ် ခန့်ညား ငယ်သူငယ်ချင်းဖြစ်တဲ့ ရဲရဲရယ် ပြီးတော့ ခန့်ညားရဲ့မူပိုင်ကြီး တစ်ခေတ်ရယ်
ရွှံ့ဗွက်ရဲ့ တစ်ဖက်ကို ကူးဖို့ ချထားတဲ့ သစ်သားပြားလေးအပေါ်ကနေ တစ်ဖက်ကူးမလို့ လုပ်နေကြခြင်းရဲရဲက ခန့်ညား ငယ်သူငယ်ချင်း အရင်က သူ့ရွာကို ပြန်သွားသေးတယ် ဟိုတလောကမှ ပြန်ရောက်တာ အခုက ရဲရဲတို့ အိမ်အနောက်ဘက်ကရွှံ့ဗွက်အိုင် မှာ
"မောင် နောင့်ကို ဖက်လိုက်"
ဗွမ်းးးးး
ခန့်ညားကလျှာရှည်တာလေ ကိုယ့်ဘာသာကူးနေတာအဟုတ် မောင့်ကို လှမ်းဖက်ခိုင်းတာလေ နှစ်ယောက်လုံးရွှံ့ဗွက်ထဲကျပါလေရော
"ဟားဟား အိမ်မှာ ရေမချိုးရလို့ ဒီမှာ ဗွက်လာလူးကြတာလား"
ဘေးက ရဲရဲကတော့ သူတို့ကြည့်ပြီးအူတက်အောင်ကို ရယ်နေသည်။
ခန့်ညားက ခြေထောက်ဘဲကျသွားတာမို့ ဒူးထိလောက်ဘဲစိုသွားတာ တစ်ခေတ်ကတော့ ဖင်ထိုင်ရက်လဲကျသွားတာမို့ ခါးလောက်ထိစိုသွားသည်။
"ဟျောင့် ရယ်မနေနဲ့ မင်းကိုပါတွန်းချမှာ"
"တော်တော် ငါက မင်းတို့လို ဗွက်မလူးဘူး"
"ကိုကိုရာ ကျွန်တော်ကိုလဲ ထူဖို့ သတိရပါဦးဗျ"
"အယ်...မေ့နေတာ လာခဲ့ လာ"
ပြောပြီးပြီးခြင်း ခန့်ညားက တစ်ခေတ်ကို လက်လှမ်းလိုက်သည်။
"ကိုကို ရဲ့ ခြေထောက်တွေစိုသွားပြီ အိမ်ကို ဘယ်လိုပြောမှာလဲ"
YOU ARE READING
မောင့်အချစ်ဦး
Romanceပထမဆုံးရေးတာပါဗျ ကိုယ့်သူငယ်ချင်းအကြောင်းကို အခြေခံပြီးရေးမှာပါဗျ လိုအပ်ချက်တွေအများကြီးရှိနိုင်တာမို့ သည်းခံပြီးဖတ်ပေးကြပါဗျ