part-13

11 2 0
                                    

"ကိုကို"

"ဗျ"

"ညီ ရွာပြန်ရမှာ ဒီသကြ်န်ပိတ်ရက်ကျရင်"

"ဟင် ဘာလို့လဲ ညီ"

"မရောက်တာကြာလို့ အလည်ပြန်မှာလေ"

"ဘယ်နှရက်လောက်ကြာမှာလဲ ညီ"

"အမ်..လေးရက်လောက်ဘဲ"

"ဟာ...လေးရက်ကြီးတောင်"

"ခဏလေးပါ"

"ကိုကို တော့လွမ်းနေရတော့မှာဘဲ"

"ညီလဲ မသွားချင်ဘူး"

"အာ....အဲ့လိုမရဘူးလေ ညီရ အမျိုးတွေစီခဏပြန်လိုက်နော်"

"ဟုတ် ဟင့်"

"ဘာလို့ငိုတာလဲညီရ လာပါဦး ကိုကိုစီ"

"အင့် ညီနဲ့..ကိုကိုနဲ့ အဲ့လို...အကြာကြီးမှ မခွဲဖူးတာ..ပြီးတော့..ဟင့်..အဲ့ရွာဘက်က ဖုန်းလိုင်းလဲမရဘူးတဲ့ ..ဟင့်.."

"မငိုရဘူးလေ ညီရာ လေးရက်ထဲ နော် ညီ"

"ဟုတ်"

"လိမ္မာတယ် ညီပြန်လာရင် ရတီတို့နဲ့ မုန့်စုစားကြမယ်လေ နော်"

"ဟုတ်ကဲ့"

"အွန်း ညီက လိမ္မာတယ်"

••••••••••••••

"နောင် မင်းရုပ်ကြီးက ခွေးသံပရာသီးကိုက်ထားတဲ့ရုပ်နဲ့"

"ဘီလူး သံပရာသီးကိုက် တာမဟုတ်ဘူးလား လင်းခေတ်"

"အဲ့ကောင်က ခွေးရုပ်လေ"

"မသာမ ဒီကသူငယ်ချင်းကြေကွဲနေတာကို"

"မင်းဘာသာ ကွဲကွဲပြဲပြဲ"

"ဟိုကလေးက လေးရက်ထဲမလား မင်းကိုက ဖြစ်ပြတ်နေတာ"

မနေ့ကမှ တစ်ခေတ် ရွာပြန်သွားသည်။မသွားခင်လဲ ငိုနေလို့ ချော့ခဲ့ရသေးသည်။သူက ငိုတော့ ကိုယ်လဲ စိတ်မကောင်း။ ကိုယ့်မှာ ညီ့ ကိုသနားတာကြောင့် မှိုင်နေခြင်း။ အဲ့ဒါကို ဒီခွေးသုံးကောင် ကဘာမှနားမလည်ဘဲ လာဘူလီနေကြတာ။

"မင်းတို့မှ မခံစားဖူးတာ ပြောအားရှိမှာပေါ့"

"ဒါပေါ့ "

"Fa တွေ"

"ချီး Faလေ Single ဟျောင့် Faမဟုတ်ဘူး"

"တူတူဘဲကို "

"မတူဘူး တည်စေ နဲ့ လွန်း ဒီခွေးပေါက်ကိုရှင်းပြ လိုက်ကြပါဦး"

"ရှင်းပြလဲ နားလည်မယ့်ကောင်မဟုတ်ပါဘူး"

တည်စေ စကားကြောင့် ခန့်ညားမျက်နှာက ရှုံ့မဲ့လာ၏။ မသိရင် ကိုယ်ကဘဲ ဦးနှောက်မပါတာလိုလို။

"ဟျောင့် မင်းပြောမှ ငါကဦးနှောက်မရှိတဲ့ သူကြီးကျလို့"

"အေးလေ ရှိမှမရှိဘဲ"

"လွန်း!! မင်းတို့သုံးကောင် ညီလာရင်တိုင်ပြောမှာ"

"တိုင်ပေါ့ ကြောက်ကိုမကြောက်တာ"

"မသာမ"

"ဖာခေါင်း"

"ရိုင်းတာ"

"မင်းအရင် ရိုင်းတာ"

ညနေ နေဝင်ချိန် ခုံတစ်ခုပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံနေတဲ့ ကောင်လေး တစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရှိသလို သူတို့ကို မတ်တပ်ရပ် ကြည့်နေတဲ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်လဲ ရှိလေရဲ့




•••••••••••••••••

လိုအပ်တာလေးတွေ ထောက်ပြပေးကြပါဦးဗျ
ကျန်းမာရေးလဲ ဂရုစိုက်ကြနော်

မောင့်အချစ်ဦးWhere stories live. Discover now