"ဘာ!!နင်တို့က တွဲနေကြတာ!!""အော်တာ ရတီမ ရယ်"
"ဟဲ့ အော်ရမှာပေါ့ နင်တို့က လျိုထားတာလေ"
"နင်နဲ့ ဝီလျံ လဲငါတို့ကိုလျိုတာဘဲလေ"
"အဲ့ဒါလျိုတာ မဟုတ်ဘူးဟဲ့ မပြောဖြစ်သေးတာ"
"အေး ငါတို့လဲ မပြောဖြစ်သေးတာ"
"ကဲ တော့ကြပါတော့ဗျာ ဘာမှမဟုတ်တာနဲ့ငြင်းနေကြတာ"
"အဲ့ဒါနင်ဟာလေးပြော"
ရတီ၏နင့်ဟာလေးဆိုတဲ့အသံကြောင့် တစ်ခေတ်မှာ နားများနီလဲလာသည်။
"နင်တို့တွဲနေတာတကယ်လား"
ဘေးမှ မထက်အိက မယုံသင်္ကာ မေးလိုက်သည်။မထက်အိသည့် ခန့်ညားနှင့်မောင်နှမ တစ်ဝင်းကွဲ ခန့်ညားအမအရင်းတွေထက်ခန့်ညား အကြောင်းကိုသိထားသူလဲဖြစ်သည်။
"ဟ တကယ်မို့ပြောတာပေါ့ဗျ ဘယ်သူက တကယ်မဟုတ်ဘဲပြောမှာလဲ"
"အေး အဲ့ဒါဆိုနမ်းပြ"
"ဗျာ"
တစ်ခေတ်မှာ မျက်လုံးလေးပြူးကာ မထက်အိအားကြည့်လာသည်။
"ဟာဗျာ အဲ့ဒါတော့မရဘူးလေ ကျွန်တော့် ညီကငယ်သေးတယ်ဗျ"
"နမ်းရုံပါဘဲဟယ်..နင်ကလဲ"
"မရဘူး"
"လုပ်စမ်းပါ့ ငါ spicyဝယ်ကျွေးမယ်လေ"
မထက်အိသည်မရ ရတဲ့နည်းနဲ့မြူစွယ်နေ၏။ ခန့်ညားက spicy ကြိုက်တယ်လေ။
"ဟို..ကျွန်တော်ပြန်တော့မယ်"
"ဟဲ့ပြောမပြီးသေးဘူးလေ နင်ကလဲ"
မထက်အိ တစ်ခေတ်လက်မောင်းအားဆွဲထားပြီးပြောလိုက်၏။
"ဟို..."
"မထက်အိ ညီ့ကို လွှတ်ပေးလိုက်ပါဗျာ သူ့အမေက သူ့ကိုစောစော ပြန်ခဲ့ဖို့ပြောလိုက်တယ်"
ခန့်ညား တို့က ကန်သာယာပေါ်ရောက်နေခြင်း၊ကန်သာယာသည် သူတို့၏စုရပ်လိုပင်ဖြစ်နေသည်။ ညနေတိုင်း ကန်သာယာက ခုံတစ်ခုံ ပေါ်သူတို့ အဖွဲ့ရှိသည်။
"ပြီးရော တစ်ခေတ်က ပြန်တော့ နင်နဲ့ ငါဆက်ပြောမယ်"
"ညီ ကို လိုက်ပို့ရဦးမလား"
YOU ARE READING
မောင့်အချစ်ဦး
Romanceပထမဆုံးရေးတာပါဗျ ကိုယ့်သူငယ်ချင်းအကြောင်းကို အခြေခံပြီးရေးမှာပါဗျ လိုအပ်ချက်တွေအများကြီးရှိနိုင်တာမို့ သည်းခံပြီးဖတ်ပေးကြပါဗျ