part-17

15 0 0
                                    


မနက်ကမိုးရွာထားတာကြောင့် ကျောင်းဝန်းအတွင်းက သစ်ပင်တွေက စိမ်းစိုနေတယ်။
မိုးကလဲ ထပ်ရွာဦးမယ်ပုံ
ကျောင်းဝန်းထဲက ကျောင်းခန်းတစ်ခုတွင်တော့

" ဆရာကလဲ ခုထိမပြီးသေးဘူး"

"အေးလေ ငါဗိုက်ဆာပြီ "

လင်းခေတ်နဲ့ လွန်း ခေါင်းချင်းဆိုင် တီးတိုးပြောနေသည်ကို ဆရာက ကြားသွား ဟန်

"ဟိုနှစ်ယောက် ဘာတွေပြောနေတာလဲ "

"ဗိုက်ဆာတဲ့အကြောင်းပါ ဆရာ ဆင်းချိန်ရောက်ပြီလေ "

ဆရာကို ရုပ်တည်နဲ့ပြန်ပြောနေသည့် လွန်းပုံစံ မှာ ကြောက်ရွံ့ဟန် မရှိ တကယ် အတည်ပြောနေသည့် ပုံပင်

"အဲ့လောက်တောင် ရှိပြီလား
အဲ့ဆိုလဲ ဆင်းလို့ရပြီ"

"ဟုတ်!!!!"

ဆရာထွက်သွားပြီး ကျောင်းသားတွေကလဲ အလျိုလျို ထွက်သွားကြသည်။ ကျန်ခဲ့တာဆိုလို့
ခန့်ညား ၊တည်စေ နဲ့ လွန်းတို့ညီမနှစ်ယောက်သာ

အိမ်က ထမင်းချိုင့်ယူလာတာမို့ ကန်တင်းသွားဖို့ စိတ်ကူးကိုမရှိကြ

"နောင် မင်းလည်ပင်းက အနီရောက်ကွက်က ဘာဖြစ်တာလဲ"

ထမင်းစားရင်း လင်းခေတ်ပြောလိုက်သည့် စကားကြောင့် ကျန်နှစ်ယောက်၏ မျက်လုံးဦးတည်ရာမှာ ခန့်ညားလည်ပင်းသို့

"ဟဲဟဲ ညီလုပ်တာ ငါကသူ့ကိုက်လို့ ပြန်လုပ်တာ"

"သြော်...."

"ပြီးတော့လေ ညီက ငါ့ငေါက်တာကွ "

"ဘာလို့ ငေါက်"

"အိပ်တာ နောက်ကျလို့တဲ့"

"နည်းတောင်နည်းသေး"

ခန့်ညား မျက်စောင်းက တည်စေဆီဒိုင်းကနဲ့

~~~~~~~~~~~~

"ညီ ကိုယ့်ကို လာကယ်ဦး "

"နေဦး လာမယ်ခဏ"

"ညီ လာကွာ ကိုကို သေတော့မှာ"

တစ်ခေတ်အခန်းထဲ ခန့်ညား အသံက စူးကနဲ
နှစ်ယောက် တစ်ခေတ်ကုတင်ပေါ် gameထိုင်ဆော့နေကြခြင်း

မောင့်အချစ်ဦးWhere stories live. Discover now