part-14

15 1 0
                                    



"နောင် မင်းမျက်နှာကြီးက မျောက်အုန်းသီးရတဲ့အတိုင်းဘဲ"

"မင်းမြင်ဖူးလို့လား "

" ဟင့်အင်း"

"အဲ့ဒါများ"

မျောက်အုန်းသီးရတာ သူလဲ မမြင်ဖူးဘဲ ကိုယ်နဲ့လာနှိုင်းနေ အဲ့လင်းခေတ်မက
ခန့်ညားလဲ ယောကျာ်းလေး ဆန်ဆန် လင်းခေတ်ကို မျက်စောင်းထိုးကြည့်ပေးလိုက်သည်။

"မျောက်အုန်းသီးရလို့ပျော်တာတော့ မမြင်ဖူးဘူး ငါ့ငုံးဥ လုသွားတုန်းက မျက်နှာတော့မြင်ဖူးတယ် နင့်ရုပ်တိုင်းဘဲ ခန့်ညားနောင် "

"ခွီးးး"

လွန်း စကားကြောင့် ဘေးမှ လင်းခေတ်ရော တည်စေ ရော ဗိုက်နှိပ်အော်ရယ်ကြသည်။

"လွန်းး မင်းမို့ဒီလောက်ချောမော နေတဲ့ မျက်နှာလေးကို အဲ့မျောက်နဲ့ နှိုင်းရက်တယ်"

"ဖျက်ရိုက်ချင်စရာ စောက်ခွက်ကိုများ"

"တော်တော့ ငါ့အပျော်လေးတောင်ဘယ်ရောက်သွားမှန်းမသိဘူး".

"အော်အေး ငါမေးပါဦးမယ်"

တည်စေ သည်အခုမှ သူမေးမယ့် မေးခွန်းကိုသတိရလာသည့်ပုံပင်

"အေးမေး"

"မင်းဘာလို့ ဒီလိုသောက်ခွက်ဖြစ်နေတာလဲ မသိရင် ငါတို့သုံးယောက်ကို နွားပွဲစားကျလို့ သွားဖြီးပြနေတာ"

"ဒါက ဒီလိုရှိတယ်".

"အွန်း ပြောပါဦး"

"ညီ ပြန်လာပြီလေ"

"သြော်..."³

တည်စေ တို့သုံးယောက်မှာ ရှုံ့မဲ့ပြီး ပြိုင်တူ အော်လိုက်သည်။

"ဟ ညီလိုက်ကြတာ"

"ဒီမှာနောင် ဟိုကလေးက လေးရက်ဘဲသွားတာနော် လေးနှစ်သွားတာမဟုတ်ဘူး မသိရင် အကြာကြီးခွဲခွာ နေရတဲ့ လူတွေကျလို့"

"အေးလေ"

"ဟာ..မင်းတို့မသိလို့ အဲ့လေးရက်က ငါ့အတွက်လေးနှစ်အတိုင်းဘဲ တော်တော် ခံစားရတာကွ"

"လဲသေလိုက်"³

သုံးယောက်ပြိုင်တူ အော်လာတာကြောင့် ခန့်ညားမှာ လန့်တောင်လန့်ရသည်။ ကြည့်နေ ညီ့ကို ပြန်တိုင်မှာ။

•••••••••••••••••

"သောက်လို့ကောင်းလား ညီ"

"အင်း ကောင်းတယ်သောက်ကြည့်"

ညီ ပြန်လာပြီမို့ သူငယ်ချင်းတွေနဲ့ မုန့်စုစားနေခြင်း။
Spy တွေနဲ့ဘာတွေမှန်းမသိရောထားတဲ့ သောက်စရာကို ခန့်ညားသောက်ရမှာ လက်တွန့်နေသည်။ သူက ထန်းရေ နံ့ကိုတောင်မခံနိုင်တာလေ ပြီးတော့ သူက ဒါတွေနဲ့မရင်းနှီး

"အင်း ကိုကို့ကို တစ်ခွက်လောက်"

"ရော့"

ညီက သူ့ကိုတစ်ခွက်ယူပေးပြီး သူသောက်တာ စောင့်ကြည့်နေသည်။

"ဘယ်လိုလဲ "

"မဆိုးပါဘူး နောက်တစ်ခွက်လောက်"

"ဟမ်"

"နောက်တစ်ခွက်ပါဆို ညီကလဲ"

"သြော်.. အင်း..အင်းရော့"

တစ်ခွက်လောက် တစ်ခွက်လောက်နဲ့ ခန့်ညားသောက်တာ တော်တော်များနေပြီ လူကလဲ နည်းနည်း မူးချင်နေပြီ

"ညီ "

"ဟင်"

ခန့်ညားအသံက အတော်လေးနေပြီး သာမန်မဟုတ်တော့

"ညီကလေ ကိုကို့ကို လေးရက်ကြီးတောင်ပစ်ထားတာ"

"ဟာ..မပစ်ထားပါဘူးဗျာ"

"ပစ်ထားပါတယ်ဆို"

ခန့်ညားသည် အောက်နှုတ်ခမ်းက မသိမသာရှေ့ဆူလာသည်။ ပြီးတော့ တစ်ခေတ် ပါးကိုအတင်းလိုက်နမ်းသည်။

ရွတ် ရွတ်!

"ကိုကို တော်တော့ ယားတယ်ဗျ"

"ကြည့် ညီက ကိုကို့ ကိုမချစ်တော့ဘူး"

ပြောပြီး ဆူအောင့်ကာ တစ်ဖက်လှည့်သွားသည်။ ဘေးကသူတွေကတော့ သူတို့ကြည့်ပြီး ပြုံးစိစိရယ်

*တစ်ခေတ်ရေ လျှာရှည်ပြီးသွားတိုက်တာ အခုတော့အမူးက ရစ်ပြီ ကိုယ့်ထိုက်နဲ့ကိုယ့်ကံခံပေဦး*

တစ်ခေတ် မှာ ခေါင်းတွေအသားကုန် ကုတ်ပြီး ဘေးက မူလီကို ချော့ရသည်။
ဒါတောင် ကိုယ်တော်ချော ကမနည်းချော့ရသည်။

ကိုယ့်လူမို့ ပြောတာမဟုတ် ကိုကိုရစ်နေတာ ချစ်စရာလေး နှုတ်ခမ်းရှေ့ဆူပြီး သူ့ကိုပစ်ထားပါတယ် သူ့ကိုမချစ်တော့ဘူး ဆိုတဲ့ စကားတွေကို ပြောပြောပြီးကို ကောက်တာ တကယ့်ချစ်စရာလေးဗျာ

*အားးးးး အသဲယားလာပြီနော် ကိုကို ကိုက်စားပစ်မိတော့မှာ*

••••••••••••

လိုအပ်တာလေးတွေထောက်ပြပေးပါဦးဗျ

မောင့်အချစ်ဦးWhere stories live. Discover now