part-7

15 1 0
                                    


"ကိုခန့် "

"အေး ပြော"

ခန့်ညား နှင့်တစ်ခေတ်သည် အရင်ကထက်ပိုရင်းနှီးလာသည်။ တစ်ယောက်နှင့်တစ်ယောက်ညီအစ်ကို လိုထိပေါင်းဖြစ်လာ၏။

"ကျွန်တော့ကိုကြိုက်နေတဲ့သူရှိတယ်"

"ဘာ ဘယ်ကလဲ ဘယ်သူလဲ"

"အရင်က ကျွန်တော်ကြိုက်တဲ့ကောင်မလေး ခုတော့မကြိုက်တော့ပါဘူး သူ့အကျင့်ကိုမကြိုက်လို့"

"မင်းတို့ရပ်ကွက်ကဘဲလား ညီ"

ခန့်ညားသည် တခါတလေ တစ်ခေတ်အား ညီလို့ခေါ်တတ်သည်။ အစတာ့ တစ်ခေတ်လဲ အံ့သြခဲ့ရသေးတယ် ခုတော့နေသားကျနေပါပြီ။

"ဟုတ်တယ်ကျွန်တော်တို့ ရပ်ကွက်ကဘဲ"

"မင်းသူနဲ့.."

"ပိုင်ပိုင်!!!"

ခန့်ညားပြောမည့်စကားသည် ကောင်မလေးတစ်ယောက်ကြောင့် ဆက်မပြောလိုက်ရ

"နင်ကလဲနော် ဒီလာတာတောင်ငါ့မခေါ်ဘူး"

မိန်းကလေးသည် အသံချွဲပစ်ပစ် ဖြင့်ပြောလာသည်။

"သြော်..အင်း ပိုးအိ ငါက ယောကျာ်းလေးတွေနဲ့မို့မခေါ်တာ"

တစ်ခေတ်သည် ပိုးအိ ကိုပြန်ပြောပြီး ခန့်ညား နားကပ်ကာ

"သူလေ ခုနက ကျွန်တော်ပြောတဲ့တစ်ယာက်"

ခန့်ညား၏ မှုန်ကုပ်နေသောမျက်နှာမှာပို၍ပင်မှုန်ကုပ်လာသည်။

"ပိုင်ပိုင် ငါ့သူငယ်ချင်းတွေကလေ ချောကလက်ရကြတယ်သိလား ငါလဲလိုချင်တာပေါ့"

"လိုချင် ကိုယ့်ဘာသာဝယ်လေ အမိ"

သူ့ရဲ့ ရုံပတေသီးအသံကို နားမထောင်နိုင်တော့တဲ့ ခန့်ညားမှ ပြောလိုက်သည်။

"ဒီကအကိုနဲ့ဘာဆိုင်လို့လဲ မီးက ပိုင်ပိုင် ကိုပြောတာလေ"

မောင့်အချစ်ဦးWhere stories live. Discover now