အချိန်ကား ညနေ5နာရီလောက်ရှိမယ် နေရောင်ဟာ ဝင်ဖို့အစပျိုးနေတဲ့အချိန်
"အကိုရာ သူ့ရောခေါ်ရအောင်လို့""သူစိမ်းတွေနဲ့မဆော့ချင်ဘူးကွာ"
"သူစိမ်းမှမဟုတ်တာ ကျွန်တော့်သူငယ်ချင်းလေ ပြီးတော့ သူ့မိဘတွေနဲ့လဲရင်းနှီးတယ်ဗျ"
လှိုင်ဘုန်းဦးဆိုသော ကောင်လေးသည် သူ့ဘေးမှ သူ့အကိုဖြစ်ဟန်တူသော ကောင်လေးအား မျက်လုံးဝိုင်းကြီးများဖြင့်ကြည့်နေသည်။
"ပြီးရောကွာ ဇယားတွေတော့လာမရှုပ်နဲ့"
"ဟုတ်ကဲ့ပါဗျာ"
"ဘယ်အိမ်လဲပြော"
"ဟီးး ဒီဘေးအိမ်"
လှိုင်ဘုန်းသည်သူ့အကိုအား သွားဖြီးကာလက်ညိုးထိုးပြသည်။
"သွားမယ် လာ"
ထိုလူငယ်နှစ်ဦးသည် စကားပြောရင်း တစ်ဖက်ခြံသို့ ရောက်သွားသည်။
လှိုင်ဘုန်းသည် သူ့အသံပြဲကြီးနဲ့
"ဟျောင့် တစ်ခေတ်ပိုင်!!! ဟျောင့်"
အိမ်ထဲမှ လှိုင်ဘုန်းနှင့် ရွယ်တူကောင်လေး တယောက်ထွက်လာသည်။
"လှိုင်ဘုန်း ဘာကိစ္စ အဲ့လောက်အော်နေတာလဲ"
"စက်ဘီးသွားစီးမယ်လေ ကန်သာယာပေါ် "
လှိုင်ဘုန်းပြောသော ကန်သာယာသည် သူတို့အိမ်နှင့် အနည်းငယ်သာဝေးသည်။ ညနေတိုင်း စက်ဘီးစီးသောလူတွေ လမ်းလျှောက်သော လူများနှင့် လူမပျက်ပေ။
"အေး.သွားမယ်လေ ခဏ အဖွား သွားပြောလိုက်ဦးမယ်"
တစ်ခေတ်ပိုင်ဆိုသော ကောင်လေး သည် ပြောရင်းပင် အိမ်ထဲအပြေးဝင်သွားသည်။
သူကိုတောက်လျှောက်ကြည့်နေသော မျက်ဝန်းတစုံကိုတော့ သူလဲမမြင်သလို လှိုင်ဘုန်းလဲ သတိမထားမိခဲ့ချေ။Linn Khit
YOU ARE READING
မောင့်အချစ်ဦး
Romanceပထမဆုံးရေးတာပါဗျ ကိုယ့်သူငယ်ချင်းအကြောင်းကို အခြေခံပြီးရေးမှာပါဗျ လိုအပ်ချက်တွေအများကြီးရှိနိုင်တာမို့ သည်းခံပြီးဖတ်ပေးကြပါဗျ