part-6

12 1 0
                                    


"မင်းနဲ့ ငါ ရန်မဖြစ်ဘဲ နေရအောင်"

"အဲ့ဒါ ခဗျားပြောရမှာ"

ခန့်ညားနှင့် တစ်ခေတ် သည် ကန်သာယာမှ ခုံတစ်ခုပေါ်တွင်ထိုင်၍စကားပြောနေကြသည်။ လာတုန်းက လှိုင်ဘုန်းရော ပါသော်လည်း သူအမေခေါ်တာနဲ့အိမ်ပြန်သွားသည်။

"ဟုတ်ပြီ ဟုတ်ပြီ ငါဘက်ကအတတ်နိုင်ဆုံးမစဘဲနေမယ် ဟုတ်ပြီလား"

"အတတ်နိုင်ဆုံးကိုမဟုတ်ဘူး စကို မစရမှာ"

"အဲ့ဒါတော့မရဘူးလေ မင်းက စချင်စရာလေးကိုကွ"

"မရဘူးဗျာ မစနဲ့ဆိုမစနဲ့"

"ပြီးရောကွာ"

"ကတိ "

"ကလေးကလား"

"ဟာ..မရဘူးကတိ"

"ကတိ ကွာကတိ"

ထို့နောက် သူတို့နှစ်ယောက်ကြား တိတ်ဆိတ်သွား၏။ခဏ အကြာမှ တစ်ခေတ် ဘက်ကပြောလာသည်။

" ပျင်းတာ"

"ငါရောဘဲ"

"Gameဆော့ကြမလား ကျွန်တော်တို့အိမ်သွားပြီး"

"ရလို့လား"

"ရတာပေါ့ဗျ ဘာလို့မရ ရမှာလဲ"

"အေး အဲ့ဒါဆိုသွားမယ်"

"ဟုတ်"

.........

"သားငယ် တစ်ခေတ်လေးပြန်လာပြီလား ဧည့်သည်လဲပါလာတာဘဲ "

"ဧည့်သည်မဟုတ်ဘူးဗျ အဲ့ဒါ လှိုင်ဘုန်းအကိုတစ်ဝင်းကွဲ ခန့်ညားပိုင်တဲ့ သားနဲ့ Gameဆော့မလို့"

"မဂ်လာပါအန်တီ"

"သြော်..အေးအေး သားလေး အိမ်ထဲဝင်ခဲ့လေ တစ်ခေတ်အခန်းထဲသွားဆော့မှာလား"

တစ်ခေတ် အမေဒေါ်မြနွယ်သည် ခန့်ညား အားပြုံးပြကာ ပြောလိုက်၏။

"ဟုတ်ကဲ့ဗျ အန်တီ"

"အေးအေး သားငယ် အကို့ ကိုခေါ်သွားလိုက်လေ မေမေ ပြီးကျမုန့်လာပို့ပေးမယ်"

"ဟုတ်မေမေ လာ ကိုခန့်"

.....
တစ်ခေတ်သည် သက်ပြင်းချကာ

"ဟူးးးးGame ဆော့ရတာလဲကြာတော့ပျင်းတာ"

"ပျင်းတယ် မင်းက ငပျင်းလေးဘဲကွ"

"ခဗျား လဲတူတူဘဲကို"

"ဟော ခဗျား လို့ခေါ်ပြန်ပြီလား လာစမ်း"

ခန့်ညား သည် လှဲနေရာမှထကာ တစ်ခေတ်အား ကလိယား လိုက်ထိုးသည်။

"ဟား ကိုခန့် ယားတယ်ဗျ တော်တော့လို့"

"ခေါ်ဦးမှာလား ခဗျားလို့"

"မခေါ်တော့ဘူး ဟားဟား ယားတယ်"

ခန့်ညားသည် တစ်ခေတ်ကို လွှတ်ပေးလိုက်သည်။

"ဟူးးးမောတာ"

"ကိုခန့် အရင်လာစတာ "

"မင်းခဗျား လာခေါ်တာလေ နောက်မခေါ်နဲ့ ကြားလား"

"ဟုတ်ကဲ့ပါဗျာ စိတ်ကြည့်ဘဲ"

တစ်ခေတ်နှင်းခန့်ညားသည် တစ်ညနေလုံး စလိုက်နောက်လိုက်နှင့်အချိန်ကုန်နေသည်။ တစ်ခေတ်အမေကလဲ သူတို့အား လွတ်လွတ်လပ်လပ် နေခွင့်ပေးထားသည်။

"အာ...ငါအိမ်ပြန်ရတော့မယ်"

"ဟမ်..ပြန်တော့မှာလား"

"အေး အပြန်နောက်ကျနေလိမ့်မယ်"

"ဟုတ် နောက်နေ့လာဦးမှာလား"

"လာမှာပေါ့ကွ မင်းကလဲ"

"ဟုတ် အဲ့ဒါဆိုလဲပြန်တော့လေ အပြန်မိုးချုပ်နေလိမ့်မယ်"

"အွန်း"

ခန့်ညားနဲ့ တစ်ခေတ်သည် အခန်းထဲမှထွက်ကာ အောက်ထက်ဆင်းလာသည်။

"သားလေး ပြန်တော့မို့လား"

"ဟုတ်ကဲ့အန်တီ နောက်ကျနေမှာဆိုးလို့"

"အေးအေး သား ဂရုစိုက်ပြန်နော် နောက်နေ့လဲလာ လည်သိလား"

"ဟုတ် လာမှာပါဗျာ မပူနဲ့ အဲ့ဒါဆိုပြန်တော့မယ်ဗျ"

"အေးအေး စက်ဘီးကိုလဲဂရုစိုက်နင်းသွားဦး"

"ဟုတ် ပေါက်စ ပြန်ပြီနော်"

တစ်ခေတ်သည်ဘေးမှအမေရှိတာကြောင့် ပြန်မပြောရဲ ထိုင်ကြောင့် မျက်နှာဆူပုတ်ပုတ်နှင့်သာ

"ဟုတ်"

Linn Khit Thway
11.3.2024

____________________

နည်းနည်းပေါ့သွားတယ်ဗျာ

လိုအပ်တာလေးတွေထောက်ပြပေးကြပါဦးဗျ

မောင့်အချစ်ဦးWhere stories live. Discover now