part-10

8 1 0
                                    


"ကိုကို"

"ဗျ"

"ကျွန်တော် တို့က ခုအတည်တွဲနေတာမလား"

"ဟောဗျာ အတည်တွဲနေတာပေါ့ညီ ရဲ့"

"ဟုတ်"

တစ်ခေတ်သည် ခန့်ညားဘက်လှည့်ကာ ချစ်စရာကောင်းအောင်ပြုံးပြလေသည်။

"ကိုကို့ ကိုအူယားအောင်လာမလုပ်နဲ့နော်"

"ဘယ်မှာလုပ်လို့လဲ"

"ဟုတ်ပါပြီဗျာ နှုတ်ခမ်းကြီးကလဲ ကိုကို့ ကိုလာထိုးမိနေမယ်"

"ထိုးမိပါဘူး သြော်..ဒါနဲ့"

"အင်းပြောလေ ညီ"

"မနက်ဖြန် ဘောလုံးကန်တာလာကြည့် အားတယ်မလား"

"ညီ့အတွက်ဆို အမြဲအားပါတယ်ခဗျ"

"ပိုပြီ"

"လိုတောင်လိုနေသေးပါတယ်ကွာ"

ညနေတိုင်း ဒီခုံလေးပေါ်မှာကောင်လေးနှစ်ယောက်ရှိတတ်တယ်။ တခါတလေ တီတီတာတာ တွေပြောနေလိမ့်မယ် ။တခါတလေ ရန်ဖြစ်နေကြလိမ့်မယ်။ မပြောင်းလဲတာက အမြဲ ဒီခုံလေးပေါ်မှာ ထိုင်နေခြင်း။

..............

"ညီ ဘောလုံးကန်တာ ဂရုစိုက်နော် "

"ဟုတ် ညီ ဖိနပ်ချွတ်မယ်နော် ဖိနပ်နဲ့မကန်တတ်လို့"

"အင်း ဟုတ်ပြီ"

ခန့်ညားသည် ဘောလုံးကွင်းဘေးထိုင်ကာ တစ်ခေတ်ကို ကြည့်နေသည်။ တစ်ခေတ်က လှည့်ပြုံးပြတဲ့အခါ ပြန်ပြုံးပြသည်။ ခန့်ညား မျက်လုံး၏တည်နေရာက တစ်ခေတ်ဆိုတဲ့ ကောင်လေး စီမှာသာ။

"ပိုင်ပိုင်!!"

ခန့်ညား တစ်ခေတ်ကို ထိုင်ကြည့်နေတုန်း တစ်ခေတ်နား ဟိုနေ့က ပိုးအိဆိုတဲ့မိန်းကလေးရောက်လာတယ်။ပြီးတော့ တစ်ခေတ်ကို အတင်းလိုက်ပြီးကပ်နေသလို။ သူ့ကလေးငယ်ကတော့ မကြိုက်လို့ထင်ပါရဲ့ မျက်နှာလေးရှုံ့မဲ့ပြီး ကိုယ့်နားရောက်လာတယ်။

"ပိုင်ပိုင် လုပ်ပါနော် ကူညီပါဟာ"

ဘေးမှာ ခန့်ညားရှိနေတာတောင် ပိုးအိ က တစ်ခေတ်ခါးဖက်ပြီး ဘာကိုပူဆာနေမှန်းမသိ ။ အခြားသူတွေအမြင်မှာတော့ ချစ်သူကောင်မလေးက သူ့ကောင်လေးကို တစ်ခုခု ပူဆာနေသည့်ပုံ။
ခန့်ညား ဆက်မကြည့်နိုင်တော့တာကြောင့်

မောင့်အချစ်ဦးWhere stories live. Discover now