"ဟဲ့ ငသွေး ဘာဖြစ် မျက်နှာက လင်ပူမိနေသလိုနဲ့"
ခန့်ညားသည် သူ့ဘေးမှ လဒမှိုင် မှိုင်နေသော လင်းခေတ်သွေး အားမေးလိုက်ခြင်း ဖြစ်သည်။
" ဟျောင့် နောင် ကိုယ်ပြောပြမယ်နော်"
လင်းခေတ်သည် တခါတလေ သူ့ကိုယ်သူ ကိုယ် လို့သုံးနှုန်းတတ်သည်။ အဲ့ဒါတွေကြောင့် ခန့်ညားနဲ့မတည့်။
" ခေါင်းမပါဘူးလား"
ဘေးတွင်ထိုင်နေသောလွန်းမှ ပြောလိုက်သည်။။ ခန့်ညားတို့သည် ခန့်ညားအိမ်ရှေ့ရှိ ထိုင်ခုံပေါ်တွင်စကားပြောနေခြင်းဖြစ်သည်။
" ကိုယ့်ညီမ ကိုပြောရက်တာဟယ်..."
"ကဲပါဟာ နင်ကဘာဖြစ်တာလဲပြော"
"နောင် မင်းဘဲစဥ်းစားကြည့်ကွာ "
"အေး"
"စာအုပ်တိုက်တွေ မကောင်းဘူး"
"ဟမ် ဘာလို့လဲ"
"ဘာလို့ဆို သူတို့က ငါမွဲနေချိန်ဆို စာအုပ် တစ်အုပ်ပြီးတစ်အုပ်ထုတ်တယ်ကွာ ငါက မွဲနေတော့မဝယ်နိုင်ဘူးလေ မဝယ်နိုင်တော့ ငါဝမ်းနည်းတာပေါ့လို့"
"မသာမ ဘာဖြစ်တာပါလိမ့်လို့"
"ဟ နောင် ငါစိတ်ညစ်နေတာနော်"
"နင် မွဲနေတာသူတို့သိမလား"
"မရဘူးကွာ သိရမယ် ပြီးတော့ငါပိုက်ဆံရှိတဲ့အချိန်မှ စာအုပ်ထုတ်ရမယ်"
"အေး အဲ့လိုဆို တသက်လုံးသူတို့ စာအုပ်ထုတ်ရမှာမဟုတ်ဘူး"
လွန်းသည် မျက်နှာမဲ့ရွဲ့ကာ ပြောလိုက်သည်။
"ဘာလို့လဲ"
"နင်ကအမြဲမွဲနေတာလေ"
"ပါးစပ်ပုတ်ကြီးနဲ့ကွာ"
"ဟေး ဟိုပေါက်စ"
လွန်းနှင့် လင်းခေတ်သည် ခန့်ညား ခေါ်သံကြောင့် စကားပြောရာမှ ခေါင်းထောင်ကြည့်လာသည်။
"ဟာ...ခဗျားက ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ"
တစ်ခေတ်သည် ခန့်ညားအား လက်ညိုးထိုးပြောလိုက်သည်။
" ငါက မင်းမေးရမှာလေ မင်းရောက်နေတာငါ့အိမ်ရှေ့"
"ဘာဗျ ဟျောင့် လှိုင်ဘုန်း မင်ပြောတော့မင်းအဒေါ်အိမ်ဆို"
YOU ARE READING
မောင့်အချစ်ဦး
Romanceပထမဆုံးရေးတာပါဗျ ကိုယ့်သူငယ်ချင်းအကြောင်းကို အခြေခံပြီးရေးမှာပါဗျ လိုအပ်ချက်တွေအများကြီးရှိနိုင်တာမို့ သည်းခံပြီးဖတ်ပေးကြပါဗျ