"ဟဲ့နောင်""အင်းပြော"
ခန့်ညားသည် လင်သခေတ်ကို ပြန်ပြောသော် လည်းမျက်လုံးသည် ဖုန်းကမခွာ
"ဟဲ့ ခန့်ညားနောင်ရေ မင်းဟာလေးဘဲဂရုစိုက်မနေနဲ့ ငါတို့ပြောတာလေးလဲ နားထောင်ဦး"
"ဘာလဲ ပြောဟာ"
ခန့်ညားသည် ဖုန်းအားပိတ်က သူတို့ဘက်လှည့်လာသည်။
"မင်း မိဘတွေကိုဘယ်လိုပြောမှာလဲ"
"ဘာကိုဘယ်လိုပြောရမှာလဲ"
"ဟ မင်းနဲ့မင်းညီ အကြောင်းပေါ့ကွ"
"ဘာပြောရမှာလဲ"
"ဟဲ့ မင်း မင်းညီ့ကိုအပျော်ကြံနေတာလား"
"ဟာ..ဘယ်ကသာ ငါက အတည် ပြီးတော့ လက်ထပ်မှာ"
"အေးလေ အဲ့လိုဆို မင်း မိဘတွေကိုပြောသင့်တယ်လေ"
"ဘယ်လိုပြောရမှာလဲ"
"ဟ ဒီနားဘဲ လည်နေပြီကွာ မင်းတို့ကလဲ"
ဘေးမှမနေနိုင်တော့တဲ့ တည်စေ မှ ဝင်ပြောလိုက်သည်။
"ဟုတ်ဘူးလေ ငါက ဘယ်လိုပြောရမှာလဲ
ငါဖေဖေ့ကိုကြောက်တယ်ဟ""အေးအဲ့မှာကောင်းရော"
"ဟေး အခြောက်လေး"
သူတို့စကားပြောနေတဲ့နား သူတို့နဲ့ရွယ်တူ ကောင်လေးတစ်ယောက် ရောက်လာသည်။ သူပြောတဲ့စကားကလဲ ခန့်ညားကိုဦးတည်နေတယ်ဆိုတာ ဘယ်သူမှမပြောတောင် တဖွဲ့လုံးသိသည်။
"ဘုန်းမြတ်ကိုကို လိုက်စမနေနဲ့"
တည်စေ ကဝင်ပြောလိုက်သည်။
လင်းခေတ်က တော့သူရောက်လာထဲက ဖုန်းသာ ဦးတည် ကြည့်နေသည်။ ဘယ်စကားမှဝင်မပြောတော့ လွန်းကတော့ အရင်ထဲက ဖုန်းသာ သဲသဲမဲမဲကြည့်နေသည်။"ဟ အချစ်ရ ငါပြောတာမှားနေလို့လား"
ဘုန်းမြတ်ကိုကို၊ ခန့်ညားတို့နဲ့ငယ်ငယ်ထဲက ပေါင်းလာတဲ့နောက်တစ်ယောက် မိန်းကလေးနှစ်ယောက်နဲ့တော့ မေးထူးခေါ်ပြောအဆင့်လောက်သာ ဘာကြောင့်မတည့်ကြလဲတော့ မသိ။ ခန့်ညားနဲ့လဲ သိပ်မတည့်ချင်ပါ ။သူနဲ့တည့်တာဆိုလို့ တည်စေ သာရှိသည်။
YOU ARE READING
မောင့်အချစ်ဦး
Romanceပထမဆုံးရေးတာပါဗျ ကိုယ့်သူငယ်ချင်းအကြောင်းကို အခြေခံပြီးရေးမှာပါဗျ လိုအပ်ချက်တွေအများကြီးရှိနိုင်တာမို့ သည်းခံပြီးဖတ်ပေးကြပါဗျ