ခန့်ညား အခုတလော စိတ်နဲ့လူနဲ့မကပ်ပါ။ တစ်ခေတ်နဲ့စကားမပြောတာလဲ တစ်ပတ်လောက်ရှိတော့မည်။ ခန့်ညားအခု သူ့အဒေါ် အိမ်ရှေ့ရောက်နေခြင်း ။ အရင်ကဆို ဒီရပ်ကွက်ထဲရောက်တာနဲ့တစ်ခေတ်စီတန်းပြေးမှာပင် အခုတော့ သူ့ကလေးငယ်က သူ့ကို စိတ်ဆိုးနေတယ်လေ။ အဲ့ဒါကြောင့်သူ့အဒေါ်အိမ်ကိုသာ ရောက်လာသည်။"ဟင်"
ကံက ဆိုးနေသလား ကောင်းနေသလားမသိ မျက်နှာချင်မဆိုင်ချင်သေးတဲ့ သူ့ကလေးငယ်နဲ့မှ လာတွေ့နေသည်။ အိမ်ရှေ့ခန်းထဲတွင် လှိုင်ဘုန်း နဲ့ Gameဆော့နေတဲ့ သူ့ကလေးငယ်။
ခန့်ညားမမြင်ချင်ယောင်ဆောင်ပြီး အခန်းထဲသာဝင်ခဲ့လိုက်သည်။ သူနောက်ပြေးလိုက်လာတဲ့အရိပ်လေးကိုလဲ သူမြင်ပါသည်။
"ကိုကို "
ခန့်ညားတစ်ခေတ်ကို မကြည့်ပါ အခြားကို သာ မျက်နှာလွဲထားသည်။
"ကိုကို ကျွန်တော်တောင်းပန်ပါတယ်နော် ကျွန်တော်အဲ့လို မပြောလိုက်သင့်ဘူး ကိုကို စေတနာကို နားလည်ပါတယ်ဗျာ နောက် ကိုကို မကြိုက်တာတွေမပြောတော့ဘူးလေ ကိုကို့ စကားလဲ နားထောင်ပါ့မယ်နော် ကျွန်တော့်ကိုစကားပြန်ပြောပါဗျာ"
ခန့်ညား သည်ဘာတစ်ခွန်းမှ ပြန်မပြော ။ တစ်ခေတ်သည် ခန့်ညား ရင်ခွင်ထဲတိုးဝင်ကာ
"ကိုကို ညီ တောင်းပန်းပါတယ်လို့နော်"
"ညီက ကိုကို့ ကိုနားမလည်ဘူး"
"အဲ့လိုမဟုတ်ဘူးလေဗျာ"
"အဲ့နေ့က ကိုကို ဘယ်လောက်ဝမ်းနည်းသွားရလဲ ဟမ် ကိုကို ကညီ ကိုချုပ်ချယ်တာမဟုတ်ပါဘူးကွာ ကိုကို့ ကိုနည်းနည်းလောက်ဂရုစိုက်ပေးလို့မရဘူးလားဟင် ညီက ကိုကို့ ကိုတကယ်မချစ်ဘူးမလား"
ခန့်ညား၏စကားသည် ရှိုက်သံ အနည်းငယ် ပါလာ၏။သူသည် ဒီကောင်လေးနဲ့မှအထိခိုက်လွယ်တာပါ။
"ဟာ..ကိုကို ကလဲဗျာ ကျွန်တော်က ကိုကို့ကို တကယ်ချစ်တာပါဗျာ အဲ့ဒါတော့ယုံပါနော် နောက် နည်းနည်းမဟုတ်ဘူး အများကြီးဂရုစိုက်ပေးမယ်နော်"
"တကယ်လား "
"ဟုတ် ကဲခုတော့ မျက်ရည်တွေသုပ်တော့နော် နှာရည်တွေလဲ ထွက်ကုန်ပြီး ခွီးးးးး"
YOU ARE READING
မောင့်အချစ်ဦး
Romanceပထမဆုံးရေးတာပါဗျ ကိုယ့်သူငယ်ချင်းအကြောင်းကို အခြေခံပြီးရေးမှာပါဗျ လိုအပ်ချက်တွေအများကြီးရှိနိုင်တာမို့ သည်းခံပြီးဖတ်ပေးကြပါဗျ