"ကိုကို အဲ့အရုပ်ကြီးဖယ်ဗျာ"
"အမ်.အင်း"
ခန့်ညား ခဏ ကြောင်သွားပေမယ့် နောက်တော့ နားလည်လိုက်သည်။ ဒီကလေး သူ့ကိုအရုပ်နဲ့ကို အူတိုနေတာလား
ခန့်ညား တို့ကအခန်းထဲ gameဆော့နေကြတာ ဘာရယ်မဟုတ် ဘေးနားမှ။ ရှိတဲ့ အရုပ်ကို ဆွဲခွ မိခြင်း အဲ့ဒါကို ဒီကလေးမကျေနပ်နေတာ" အဲ့ဒါကြီး မခွနဲ့ "
"အင်းပါ မခွတော့ပါဘူး"
ပြောလိုက်ပေမယ့် သူနည်းနည်းတော့ မောင့်ကို စချင်သည်။ သူသဝန်တိုတာ ချစ်စရာလေး
ခန့်ညား gameဆော့ပြီးတော့ ဘေးနားက အရုပ်ကို ခွလိုက်သည်။ တစ်ခေတ်က တစ်ချက်ကြည့်လိုက်ပေမယ် ဘာမှတော့မပြော အဲ့ဒါကြောင့် ခန့်ညားလဲ ခွပြီး သေချာ ကျကျနနကို အိပ်ပစ်လိုက်တာ
"အားးး နာတယ်ကွ"
ရုပ်တရက် လက်မောင်း လာကိုက်တဲ့ တစ်ခေတ်ကြောင့် ခန့်ညားမှာအော်ရသည်။ ဟုတ်တယ်လေ အရမ်းနာတာ
"မောင်တော်တော့ နာတယ်လို့"
တစ်ခေတ်က ဘယ်လိုပြောပြောလွှတ်မပေး တစ်နေရာပြီး တစ်နေရာကို လိုက်ကိုက်နေတာ ခန့်ညားမှာ နာလို့ မျက်ရည်ဝဲရသည်အထိ
"မှတ်ပြီလား နောက်တစ်ခါ ကျွန်တော် ပြောရင်နားထောင်"
"ဒါမယ့် အဲ့ဒါအရုပ်လေကွာ"
"ဘာနေနေဗျာ မဖက်နဲ့ မကြိုက်ဘူး"
"ဟုတ်"
ဘာပြောရဲမှာလဲ ပြန်ပြောရင် ခန့်ညား တစ်ကိုယ်လုံး ရစရာရှိတော့မှာ မဟုတ်
~~~~~~~~~~~~~~~
"ဆရာကြီး နောင် ရှိလားရှင့် "
ကျောင်းသားတွေကို စာသင်နေတဲ့ ခန့်ညားအဖေကို လင်းခတ် ကမေးလိုက်သည်။
ခန့်ညား အဖေ လင်းခေတ်တို့သုံးယောက်လုံးရဲ့ ဆရာ။
၁၀တန်း ထိ ဆရာကြီးဆီမှာ ကျူရှင်သင်ခဲ့တာ ဆရာကြီးက ပင်စင်ယူပြီး ဘော်ဒါဆောင်ဖွင့်ထားတာ အရင်ထဲက ဆရာကြီးခေါ်ခဲ့တော့ အခုထိ နှုတ်ကျိုးနေခြင်း"အော် အေး ရှိတယ် ဝင်သွားလေ သမီးတို့"
"ဟုတ်ကဲ့ ဆရာကြီး"
ဆရာကြီး ကိုနှုတ်ဆက်ပြီးအိမ်ထဲ ဝင်လာတော့ တွေ့ပါပြီ အမောင်နောင်တို့က ဧည့်ခန်းထဲက ခုံပေါ်မှာ gameထိုင်ဆော့နေတာ
"ဟျောင့် နောင်"
"ဟင် ဘယ်ကနေရောက်လာကြတာလဲ"
"မိုးပေါ်ကနေ "
ရွဲ့ပြောလိုက်သူက လွန်း
"မင်းကွာ မင်းကို လူဝင်မသွားတောင်သိမှာမဟုတ်ဘူး အဲ့ဖုန်းကြီး ဘဲကြည့်နေ"
"တော်တော် အမေ့လေသံတွေနဲ့လာမပြောနဲ့ လင်းခေတ် နေစမ်းပါဦး ဘာလို့လာကြတာလဲ "
"ပျင်းလို့ လေ စကားလေးဘာလေးပြောရအောင်"
"မင်း လက်တွေက ဘာလဲ ခွေးကိုက်ထားတာလား"
"ဟဲဟဲ မောင်ကိုက်ထားတာ"
တည်စေသိသားဘဲ တမင်ကိုမေးတာ
တည်စေနဲ့ နောင် စကားပြန်ပြောတာ တစ်ရက်လောက်ဘဲ ရှိဦးမယ် နည်းနည်းတော့ အပေါက်လမ်းမတည့်ကြသေး
"ဟဲ့ ဟဲ့ငါပြောဦးမယ်"
ဆိုပြီး အစပျိုးပြီး ပြောလိုက်တဲ့ လင်းခေတ်ရဲ့ စကားက တော်တော်နဲ့ မပြီး သူတို့လေးယောက်လဲ တစ်ညနေလုံး စကားပြောရင်းသာအချိန် ကုန်နေလိုက်သည်။
ဟုတ်တယ်လေ ဘာမှလုပ်စရာမရှိဘဲ
__________________
YOU ARE READING
မောင့်အချစ်ဦး
Romanceပထမဆုံးရေးတာပါဗျ ကိုယ့်သူငယ်ချင်းအကြောင်းကို အခြေခံပြီးရေးမှာပါဗျ လိုအပ်ချက်တွေအများကြီးရှိနိုင်တာမို့ သည်းခံပြီးဖတ်ပေးကြပါဗျ