part-5

18 3 0
                                    

ဘုန်း!! ဘုန်း!!

"ဟ ဘာလို့ငါလာရိုက်လဲ ငလွန်းရ"

"ငါ့သားကိုအူယားလို့"

လွန်း သည် idolကိုအခြားသူတွေလို ကောင်လေးတော်တာမဟုတ် သားတော်ထားသည်။ခုလဲ သူ့idolကိုအူယားပြီး လင်းခေတ်ကို လာရိုက်ခြင်း။ လင်းခေတ်က သူ့သဲအိတ်လေ။ သူရယ်လဲ လင်းခေတ်လာရိုက် သူအူယားလဲ မဆိုင်တဲ့လင်းခေတ်လာရိုက်နဲ့ လင်းခေတ်လက်မောင်းလဲ ကြာရင်ပုတ်တော့မည်။

"အဲ့ဒါဆိုလဲ နင့်ကိုနင်ပြန်ရိုက်ပါလား"

"အားမရလို့ပေါ့ "

"ကောင်းရော ဟဲ့ ငနောင် မင်းဟာလေးမလာသေးဘူးလား"

"ဘာပြောတယ်"

"မင်းညီတို့ကိုပြောတာပါဟယ်... အော်တာ"

"လာတော့မှာနေမှာပါ"

ခန့်ညာတို့ဘောလုံးကွင်းထဲစကားပြောနေစဥ် လှိုင်ဘုန်းတို့သူငယ်ချင်းတဖွဲ့ ရောက်လာသည်။

" ဟဲ့ ငခန့် နင်ကဘာလာလုပ်တာလဲ"

ခန့်ညား၏သူငယ်ချင်းလေး ယွန်းရတီ မှပြောလိုက်သည်။ ရတီနှင့် ခန့်ညားသည် အသက်မတူသော် အိမ်နီးတာကြောင့် ပေါင်းဖြစ်သည်။

"လင်လာရှာတာတဲ့"

လွန်း မှပြောလိုက်ခြင်း။ လွန်းကို တည်ငြိမ်မယ်လို့ထင်ရင်တော့မှားမယ် မထင်ရင်မထင်သလို ထ ထဖောက်တတ်သည်။လင်းခေတ်နဲ့ညီမတစ်ဝင်း
ကွဲလို့ကိုမပြောရ။

"ဟယ်...သူငယ်ချင်းရယ် လိုချင်ငါရှာပေးပါ့မယ်"

"ရတီ စမလာနဲ့နော် "

"ခွီးးး"

" လင်းခေတ် ဘာရယ်တာလဲ "

"ဘာမှဟုတ်ဘူး"

"ငါသိတယ်နော်"

"ဘာသိတာလဲပြောစမ်းပါ့"

"နင်...ဟိုပေါက်စ အဲ့ဒါဘာလုပ်နေတာလဲ"

ခန့်ညားသည် လင်းခေတ်ကိုပြန်ပြောနေရင်း ဘေးမှ ဖိနပ်ချွတ်နေသည့် တစ်ခေတ်အား လှမ်းအော်လိုက်သည်။

"ဖိနပ်ချွတ်နေတာလေ"

"ဘာလုပ်ဖို့လဲ"

"ဘောလုံးကန်မလို့ပေါ့ဗျ"

မောင့်အချစ်ဦးWhere stories live. Discover now