part-2

22 3 0
                                    


"ဟျောင့် လှိုင်ဘုန်း"

တစ်ခေတ် သည် လမ်းလျှောက်ရင်းပင် လှိုင်ဘုန်း နားကပ်ကာ လေသံလေးဖြင့် ခေါ်လိုက် သည်။

"အေးပြော"

"အဲ့အကို ကဘယ်သူလဲဟင် အရပ်ကလဲ ဘာလို့အဲ့လောက်ရှည်နေရတာလဲ"

တစ်ခေတ်ပြောလဲပြောချင်စရာ ခန့်ညား အရပ်သည် 5ပေ နဲ့ 8လက်မလောက်ရှိလိမ့်မည်။

တစ်ခေတ်ကလဲအရပ်မပုပါ သူဟာနဲ့သူ အသင့်တင့်ရှည်ပါသည်။ သို့သော် ခန့်ညား နဲ့ယဥ် ရင်တော့ ပုပါသည်။

" ဟျောင့် တစ်ခေတ်!! ဟျောင့်"

"ဟမ် ဘာလဲပြော"

တစ်ခေတ်သည် အတွေးလွန်နေရာမှ လှိုင်ဘုန်းခေါ်သံကြောင့် သတိဝင်လာသည်။

" အဲ့ဒါ ငါ့အကို တစ်ဝင်းကွဲလေ သူက ဒီရပ်ကွက်မှာနေတာတော့မဟုတ်ဘူး ကွေ့ကြီး ရပ်ကွက်ထဲနေတာ"

" သြော်..."

ခန့်ညား သည်လမ်းလျှောက်နေရာမှ တစ်ခေတ်
ဘက်လှည့်ကာ

" သိချင်ရင် ငါ့ကိုကိုယ်တိုင်လာမေးလေ ပေါက်စ"

ခန့်ညားစီ မှ ပေါက်စ ခေါ်ခံလိုက်ရသော တစ်ခေတ်သည် ပါးများနီရဲလာကာ ခန့်ညားကို ရန်ရှာလေသည်။

"ဒီမှာ ပေါက်စ လို့မခေါ်နဲ့ဗျ ကျွန်တော့်မှာ နာမည်ရှိတယ် တစ်ခေတ်ပိုင် ဗျ"

"သိတယ်လေ ပေါက်စ လို့ခေါ်ချင်လို့ကိုခေါ်တာ"

"ခဗျား!!"

"ဟားဟား ပေါက်စ လေးစိတ်တိုနေပြီ"

"တော်တော့ဗျာ မစနဲ့တော့ ကျွန်တော်မကြိုက်ဘူး"

တစ်ခေတ် သည် တကယ်မကြိုက်သည့်ပုံပင် မျက်နှာဆူပုတ်ပြီး ပြိုတော့မယ့်မိုးလို
သို့သော် ခန့်ညား ကတော့လက်မလျော့ပါတစ်ခေတ်အား ဆက်စနေသည်။
ထို ညနေခင်းတွင် ခန့်ညား၏စနောက်သံ တစ်ခေတ် ၏အော်သံတို့ဖြင့်ပြည့်နှက်နေသည်။

အချိန်ကား အနည်းငယ်မှောင်နေပြီဖြစ်သည်။ ခန့်ညား တို့စက်ဘီးစီးနေတာလဲကြာပြီမို့ ခန့်ညားသည်

"လှိုင်ဘုန်း ငါပြန်တော့မယ် မဟုတ်ရင် အမေ ငေါက်တာခံနေရလိမ့်မယ်"

" ဟုတ် ကိုခန့်"

ခန့်ညားသည် လှိုင်ဘုန်းအား ခေါင်းငြိမ့်ပြကာ လှိုင်ဘုန်း ဘေးတွင်ရပ်နေသည့် တစ်ခေတ်အား ကြည့်ကာ

"ပေါက်စ ပြန်တော့မယ်နော် နောက်နေ့မှ တွေ့မယ်"

"ပြန်ပေါ့ဗျာ နောက်နေ့လဲမတွေ့ဘူး"

တစ်ခေတ် ဒီအကို ကိုကြည့်မရပါ သူ့ဘဲလာ စနောက်နေခြင်းကြောင့်ဖြစ်သည်။

"ဟက် မတွေ့ချင်လဲတွေ့ရမှာဘဲပေါက်စ ရ ကဲပါ bye နောက့်နေ့တွေ့မယ်"

ခန့်ညားသည် ပြောပြီး စက်ဘီးဖြင့် သူ့အိမ်ပြန်တဲ့လမ်းအတိုင်းနင်းသွားသည်။

ခန့်ညား တလမ်းလုံး တစ်ခေတ်ပိုင် အကြောင်းတွေသာ တွေးနေမိသည်။
အရပ်က မပုသော်လဲသူနှင့်ယဥ်ရင် အလိုလိုသေးသွားတဲ့ကောင်းလေးကိုသူအူယားသည်။ သူစနောက်လိုက်တိုင်း ပြန်ခံပြောတဲ့ နှုတ်ခမ်းလေးကလဲ တမျိုးလေးပင်။
သူ ဒီကောင်လေးကိုတွေ့ကထဲက စိတ်ဝင်စားသည်။ မြင်မြင်ချင်းအချစ်တော့မဟုတ်ပါ။ သူက အဖြောင့်လေ သို့သော် ခန့်ညားသည် အဖြောင့်စစ် စစ်တော့မဟုတ်ပါ။ ခန့်ညားရဲ့ ငယ်သူငယ်ချင်းမလေး သည် fujoshi တယောက်ဖြစ်တာကြောင့် Bl,Gl အကြောင်းများက မကြာစချင်မှအဆုံး၊ သူ့ကြောင့်ပင် ခန့်ညားက အဖြောင့်စစ် စစ် မဟုတ်တော့ပါ။
ခန့်ညား တွေးရင်းစက်ဘီးနင်းလာတာ သူ့အိမ်တောင်ဘယ်လိုရောက်လာမှန်းမသိ (ဆိုင်ကယ်တိုက်သွားရမှာ😒)
တစ်ခေတ် ဆိုသော ကောင်လေးသည် သူ့အတွေးကိုစိုးမိုးထားနိုင်သည်။ သူ့အကြောင်းတွေတာနဲ့ ရင်ထဲ ကလိကလိဖြစ်တတ်သည်။ ဘာကြောင့်ဆိုတာ သူ့သူငယ်ချင်းမလေး မေးကြည့်ရမည်။ အဲ့ကောင်မက မိန်းမကျမ်းရော ယောကျာ်းကျမ်းရော နှောကျေ နေသူဖြစ်ဖြစ်သည်။ ခန့်ညား သည် ခေါင်းခါကာ အတွေးကမ္ဘာထဲမှထွက် လိုက်ကာ

" မေမေ သားပြန်ရောက်ပြီ"

Linn Khit Thway

မောင့်အချစ်ဦးWhere stories live. Discover now