🎼 Duty coat အဖြူရောင်လေးနဲ့ ..... သိပ်ခန့်တဲ့ကောင်လေးရာ ကိုယ့်ရဲ့ အသည်းကို
အမြန်ကုစားပါ ....... ဆိုင်သူရှိရင် ကိုယ့်ကို နဲနဲလောက် chance ပေးပါ သိပ်ချစ်တဲ့ Doctor လေးရာ 🎼တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆေးတက္ကသိုလ်
ဘက်ကို သွားနေချိန်တွင် ထိုသီချင်းက radio မှ ဖွင့်လာသည်။ ဟန်မင်းမြတ် လည်း
ထိုသီချင်းကို လိုက်ငြီးလာရင်း တက္ကသိုလ်အပြင်ဝတွင် ကားကိုရပ်လိုက်ကာ ဖုန်း contacts ထဲမှ ခုနက မေမေ မှတ်ပေးလိုက်
သည့် မမြမှူးသွဲ့ခင် ဆိုသည့် နံပါတ်ကို ခေါ်
လိုက်သည်။ ခနလောက်အကြာတွင် အသံချိုချိုလေးတစ်ခုကို သူကြားလိုက်ရသည်။(Hello မြမှူးသွဲ့ခင် ပြောနေပါတယ်)
(ကျွန်တော် ဟန်မြတ်မင်းမောင်ပါ မင်းကို လာကြိုခိုင်းလို့ အပြင်မှာရောက်နေပီ)
(အော် ဟုတ်ကဲ့ ညမထွက်လာခဲ့ပါ့မယ်)
ဟန်မင်းမြတ် ဘက်မှ အရင် ဖုန်းချလိုက်သည်။ ထို့နောက် အပေါက်ဝဆီသို့
ခပ်သွက်သွက်လေး လျှောက်လာသော
သူသည် Duty coat လေးကို လက်မှ ပိုက်ကာ ပါတိတ် ဝမ်းဆက်ပန်းရောင်လေးကို ဝတ်ဆင် ထားသည်။ မျက်နှာလေးက အေးချမ်းပြီး
ပုရိသတွေကို ရင်ခုန်သံတွေမြန်လာအောင် လုပ်နိုင်သော ဆရာဝန်မလေးဖြစ်သည်။ သို့သော် ထိုပုရိသတွေထဲ ဟန်မင်းမြတ်မပါချေ။ ထိုကောင်မလေးမှ ဟန်မင်းမြတ်ရှိရာ ကားနားသို့ ရောက်လာသည််။"အကိုဟန်မင်းမြတ်"
"အင်း ကားပေါ်တက်လေ"
အမေ လာခိုင်းလို့သာလာရတာ မျက်နှာက ပျော်ရွှင်မှု့တစ်စက်မှမရှိ ကားပေါ်တွင်လည်း ဘာစကားမှ မပြောပဲ တိတ်ဆိတ်နေခဲ့သည်။
ထို တိတ်ဆိတ်မှု့တို့ကို ဖြိုခွဲလိုက်သည့်အရာကတော့တူ...တူ.....
ဟန်မင်းမြတ်ဖုန်းမြည်သံပင်ဖြစ်သည်။
(ကိုကို ဘယ်မှာလဲဘာလို့ သဲသဲကို ပစ်ထားတာလဲ)
(အော် ကို မအားလို့လေ ဘာလို့လဲ မင်းကို
အချိန်ပြည့် အချိန်ပေးနေမှ ဖြစ်မှာလား)(ဟင်)
(ကိုမအားဘူး မင်းပြောစရာရှိသေးလား)
YOU ARE READING
My Emperor
Romance"မင်းကိုချစ်တဲ့အကြောင်းတွေပြောပါဆိုရင် ငါမင်းကိုဘယ်လောက်ထိ မုန်းလဲဆိုတာကနေ စရမယ်ထင်တယ်"