"ကဲခါးပတ်ပတ်"
ဟန်မင်းမြတ်ပြောနေသည်ကို ဘာမှ ပြန်မပြော ဘာမှမလုပ်တာကြောင့် ဟန်မင်းမြတ်
ကိုယ်တိုင် ခါးပတ် ပတ်ပေးရန် ကိုယ်ကို တစ်ဖြည်းဖြည်းတိုးလာကာ ခေတ်လွှမ်းထင်၏ မျက်နှာနားထိ နီးကပ်လာသည်။ အပြာရောင် မျက်လုံးတွေကြောင့် ရင်ဘက်ထဲက တစ်ဒုန်းဒုန်း တစ်ဒိုင်းဒိုင်း။ အပြာရောင် မျက်လုံးဆိုတာ ရှားတယ်။ ဒါမဲ့ ထိုလူမှာတော့ ရှားပါးတာတွေအကုန် ရှိနေသည်။ ထိုအခါ ရှက်ရမ်းတွေရမ်းပြီး ဟန်မင်းမြတ်ကို တွန်း
ထုတ်လိုက်မသိသည်။"ခင်များနော်"
"ဟမ် ကိုယ်က ခါးပတ်ပတ်ပေးမလို့လေ"
ထိုအခါမှ ခါးပတ်ကို ရှက်ရှက်ဖြင့် ဆွဲပတ်
လိုက်သည့်ထိုကောင်လေး၏ မျက်နှာသည် ပန်းနုရောင်များသန်းနေသည်။"မင်းကဘာလုပ်မယ်ထင်လို့လဲ"
"ဟာခင်များဗျာ ဘာကိုထင်ရမှာလဲ"
"မသိပါဘူး မင်းမျက်နှာကြီးက တစ်ခုခုကို ရှက်နေသလိုပဲ"
ထိုအခါမှ ခေတ်လွှမ်းထင် စကားလမ်း
ကြောင်း လွှဲရန် တစ်ခုခုကို အမြန်စဉ်းစားလိုက်ရာမှ သူဒီကားပေါ်ရောက်နေသည့်
အကြောင်းကိုစဉ်းစားမိသည်။"နေပါဦး ခင်များနဲ့ကျွန်တော် သိလို့လား ဘာလို့ကားပေါ် ခေါ်တာလဲ"
သေချာစဉ်းစားကြည့်မယ်ဆိုရင် သူတို့ နှစ်ယောက်သည် တစ်ခါပဲ စုံဖူးပြီး နာမည်ကိုတောင် မသိ သည့် အခြေအနေမျိုးဖြစ်သည်။
"စကားလမ်းကြောင်းလွှဲတဲ့နေရာမှာတော့ လေးစားတယ်ကွာ မင်းမေးတာကိုယ်ဖြေမယ် ဘာလို့ ကားပေါ်ခေါ်တာလဲဆိုတော့ မင်းကြည့်ရတာ အရမ်းပင်ပန်းလို့"
ခေတ်လွှမ်းထင် တစ်ခုခုကို သတိရသွားပြီး ဟန်မင်းမြတ်၏ လက်ကို အဆက်မပြတ် ပုတ်ကာ
"ကျောင်းကိုမြန်မြန်မောင်းပေး မြန်မြန်"
ဟန်မင်းမြတ်လဲ ကားကို မြန်မြန်မောင်း
လိုက်ပြီး တစ်ခန အတွင်းမှာ ဆေးကျောင်းရှေ့သို့ ရောက်သွားသည်။ ခေတ်လွှမ်းထင်လဲ ကားပေါ်မှ မြန်မြန်ပြေးဆင်းသွားသည်။
လမ်းတစ်ဝက်ရောက်တော့မှ ပြန်လှည့်လာကာ

YOU ARE READING
My Emperor
Romance"မင်းကိုချစ်တဲ့အကြောင်းတွေပြောပါဆိုရင် ငါမင်းကိုဘယ်လောက်ထိ မုန်းလဲဆိုတာကနေ စရမယ်ထင်တယ်"