မနက်စာစားပြီးတော့ မြတ်သူမောင်
ရောက်လာသည်။ ပုဆိုးတိုတိုလေးနှင့် ဒီနေ့တော့ အင်္ကျီ လက်တိုလေး ဝတ်ထားသည်။"ဒါက ငါ့တူ မြတ်သူမောင်တဲ့"
"ဟုတ်အကိုကြီး"
"မင်းကတော့ အကိုကြီးလို့မခေါ်နဲ့ အကိုမောင် လို့ခေါ် မင်းဦးလေးလဲ ငါ့ကို"
"ကဲ မြတ်သူမောင် သူ့ကို ရွာအနှံသေချာလေးပြလိုက်နော်"
စကားဖြတ်ပြောလိုက်ရသည်။ မဟုတ်ရင်
မောင်ဆိုသည့် စကားလုံးက ထွက်လာတော့
မည်။ ဟန်မင်းမြတ်နှင့် မြတ်သူမောင်လဲ ခြံထဲမှ ထွက်ရန်ယူစရာရှိတာ ယူနေကြစဉ်
မြတ်သူမောင်က ပလှိုင်း တစ်ခုကို လွယ်နေတာကြောင့် သိချင်လို့မေးလိုက်သည်။"အဲ့တာဘာလုပ်ဖို့လဲ"
"အကို့ကို ရွာထဲ လိုက်ပြရင်း ကျွန်တော်တို့ ယာခင်းထဲက အမေ ခူးခိုင်းလိုက်တဲ့
အရွက်တွေ ခူးရမှာ""ဟင် ဘာအရွက်လဲ"
"ကျွန်တော်တို့အိမ်က ဟင်းချက်ရင်
အရွက်တွေကို မဝယ်ဘူးလေ ယားခင်းထဲကပဲ သွားသွားခူးကြတာ"သူတို့ လမ်းလျှောက်ရင်း အိမ်ထဲက ထွက်လာကြသည်။ ဟိုဘက်ဒီဘက်ကြည့်ရင်း မြတ်သူမောင်ကလဲ ရွာအကြောင်းအသေးစိတ်က အစရှင်းပြသည်။
"အကို မိဖုရား ဖွားစေားကိုသိလား"
"သိတယ်လေ ဘာလို့လဲ"
"သူ့သမိုင်းကြောင်းရော"
"အဲ့တာတော့သိဘူး"
စပ်ဖြီးဖြီး လုပ်နေသည့် ဟန်မင်းမြတ်ကို
ကြည့်ပြီး ထိုကောင်လေးက သမိုင်းကြောင်းကို စပြီးရှင်းပြပေးသည်။ ၁၂ တန်း အရွယ်
ဖြစ်တာကြောင့် စကားကို ကောင်းကောင်းပြောတတ်ပြီး သမိုင်းကြောင်းစိတ်မဝင်စား
သည့် ဟန်မင်းမြတ်ပါ စိတ်ဝင်စားအောင်ပြောနိုင်သည်။"ဒီရွာက မိဖုရားကြီး ဖွားစော(စောလှဝင်း) ကို အစွဲပြုပြီးတော့ ခေါ်လာတာ ပြီးတော့ သမထီးလို့လဲ ခေါ်ကြသေးတယ်။ ပုဂံပြည်မှာ ဗုဒ္ဓဘာသာ မထွန်းကားခင်တုန်းက အရည်းကြီး ခြောက်ကျိပ်နဲ့ တပည့်ခြောက်သောင်းနေထိုင်ပြီးတော့ ကန္တရ အယူဝါဒ ကိုးကွယ်မှု့ကို ဖြန့်ချီခဲ့တာလေ။ ဒီရွာက ပုဂံ (၁၉) ရွာဝင်လေ။ မိဖုရား ဖွားစော အကြောင်းဆက်
ရမယ်ဆိုရင်တော့ ပုဂံခေတ် နရသီဟပတေ့မင်းရဲ့ မိဖုရားခေါင် တစ်ပါးလဲ ဖြစ်တယ်။
မိဖုရား ဖွားစောက ဟာသဉာဏ်ရွှင်ပြီး
ဉာဏ်ကောင်းတယ် ချောမောလှပတာကြောင့်ကျော်ကြားတယ်လေ။ ပြီးတော့ သမိုင်းမှာ သုံးဆက်တိုင် မိဖုရား ဖြစ်ခဲ့တာကြောင့် မယ်တော်ကြီးလို့လဲခေါ်ကြတယ်"

YOU ARE READING
My Emperor
عاطفية"မင်းကိုချစ်တဲ့အကြောင်းတွေပြောပါဆိုရင် ငါမင်းကိုဘယ်လောက်ထိ မုန်းလဲဆိုတာကနေ စရမယ်ထင်တယ်"