Ch - 6

105 5 0
                                    

ခေတ်လွှမ်းထင် ကားကို ဖြည်းဖြည်းမောင်း
ရင်း ကျောင်းသို့ ရောက်လာသည်။ ကားပေါ်က ဆင်းလိုက်ချိန်တွင်ပဲ

"ဘေဘီ"

လှမ်းခေါ်လိုက်သည့် နွေးထွေးသည့် စကားသံ

"အကို"

"လာကန်တင်းသွားပြီး မုန့်သွားစားရအောင် ဘာမှမစားလာရသေးဘူးမလား"

"ဟုတ်"

ခေတ်လွှမ်းထင်တစ်ယောက် မငြင်းလိုက်ပဲ အုပ်စိုး၏ လက်ကို ဆွဲကိုင်ကာ ကန်တင်း
ဘက်သို့ လျှောက်လာကြသည်။

"အကို"

"ဗျာ"

"ကျွန်တော် ပြောစရာလေးရှိတယ်"

"အင်းပြောလေ"

ဆိုင်ရောက်တာနဲ့ စားစရာတွေမှာပြီး

"ပြောတော့"

"ကျွန်တော် တောင်းပန်ပါတယ်"

"ဘာလို့တောင်းပန်တာလဲ ဘာအပြစ်လုပ်ထားလို့"

"ကျွန်တော် ညက ညက"

"ဟေး အုပ်စိုး မင်းမတွေ့တာကြာပြီနော်"

သူတို့ဝိုင်းဆီသို့ အုပ်စိုး၏ သူငယ်ချင်းများ
ရောက်လာသည်။ ပြောနေသည့်စကားစ ပြတ်သွားသည်။

"အမယ် မင်းကတော့နော် မင်းချစ်သူလေးနဲ့ ပျော်နေတော့တာပဲ"

"ပျော်မှာပေါ့ ငါက ချစ်တာကို နော့် ခေတ် ခေတ်ကော ကိုယ့်ကိုချစ်လား"

မေးဆက်ကာ မေးလာသည့်မေးခွန်းကြောင့် ခေတ်လွှမ်းထင် ခေါင်းသာ ငြိမ့်ပြလိုက်မိ
သည်။ သူငယ်ချင်းတွေ ပြန်သွားတော့

"ညက ဘာဖြစ်လဲဘေဘီ"

"ညက အကို့ကို လွမ်းနေတာလို့ပြောမလို့ပါ"

"ဟောဗျာ"

အုပ်စိုးမှ သဘောကျစွာရီလိုက်သည်။ ဒါပေမဲ့ သူ့မျက်လုံးတွေက ကိစ္စတစ်ခုကို သိနေသလိုပါပဲ။ မနက်စာ တူတူစားလိုက်ပြီး တက်စရာရှိသည့်အတန်းများ သွားတက်ကြသည်။ တစ်နေကုန် ခေတ်လွှမ်းထင် လန်းလန်း
စန်းစန်းမရှိ။ အတန်းချိန် ပြီးတော့ ခေါင်းအောက်စိုက်ကာ အပြင်ထွက်လာရင်း
ဟန်မင်းမြတ်နှင့် အုပ်စိုး ကား ကိုယ်စီဖြင့် တစ်နေရာရာ ထွက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုအချိန် ခေတ်လွှမ်းထင် ရင်ထဲ ဝုန်းဒိုင်းကြဲကုန်ပြီး ခြေမကိုင်မိ လက်မကိုင်မိတွေ ဖြစ်ကုန်သည်။

My Emperor Where stories live. Discover now