အိမ်အပြန်လမ်းတွင်"မနက်ဖြန်ကြရင် မောင် ဘာလုပ်မှာလဲဟင်"
"ဘာလုပ်ရမှာလဲ"
"မနက်ဖြန် တန်ဆောင်မုန်း လပြည့်နေ့လေ ပံ့သကူ ဖွက်ကြမှာလေ"
"အင်းအဲ့တော့"
"သူခိုးကြီး ညလို့လဲ ခေါ်တယ် မောင်ရဲ့ အဲ့ညမှာ ပံ့သကူဖွက်တဲ့သူကဖွက်ထားကြပြီး
လိုက်ရှာတဲ့သူတွေက လိုက်ရှာ ပြီးတော့ သူခိုးကြီးညလို့ ခေါ်တာက အရင်တုန်းကအပျော်
အနေနဲ့ ပန်းအိုးတွေတို့ ပစ္စည်းသေးသေးလေးတွေ လိုက်ခိုးကြတာလေ အဲ့နေ့မှာ ခိုးရင် ခွင့်လွှတ်ကြရတယ်တဲ့"ကားမောင်းနေသည့် ဟန်မင်းမြတ်က
ခေတ်လွှမ်းထင် စကားကိုသေချာလေးနား
ထောင်နေပုံရသည်။"အဲ့တာကြောင့် မောင်ရော အဲ့နေ့ ဘာလုပ်မှာလဲလို့"
"အင်း မနက်ဖြန်ညကြ မင်းကိုလာခိုးမယ်
အထုတ်ပြင်ပြီး စောင့်နေ"စကားအဆုံးတွင် ဘရိတ်အုပ်လိုက်
သည့်ကားကြောင့်ရော ဟန်မင်းမြတ် ပြော
လိုက် တာကြောင့်ပါ ခေတ်လွှမ်းထင် မျက်လုံးအပြူးသား ကြောင်ပြီးကြည့်နေသည်။"ဆင်းတော့လေ အိမ်ရောက်ပီကို"
"ဟမ် ဟုတ်ဟုတ်"
ကားပေါ်မှ ကပြာကလျာ ဆင်းလိုက်သည်။
"ဟိတ် တကယ်စောင့်နေနော် သီချင်းသံကြား
ရင်ထွက်လာခဲ့"မျက်လုံးတစ်ဖတ် မှိတ်ပြပြီး ထွက်သွားသော ကားကို မြင်ကွင်းမှ ပျောက်သွားသည်အထိ
လိုက်ကြည့်နေမိသည်။*မောင်က ရင်ခုန်အောင် တအားပြောတာပဲ တကယ်ခိုးမို့လားမသိဘူး ဟီးဟီး*
စိတ်ကူးဖြင့် သာယာနေပြီး ပြုံးစိပြုံးစိဖြင့် အိမ်ထဲဝင်လာသည်။ ထိုကောင်လေးကို အပြူးသားကြည့်နေသူက
"ငိုလိုက် ရီလိုက်နဲ့ အရူးကို ညီတော်ထား
ရသလိုပဲ""မောင်က လာခိုးမယ်တဲ့ ဟီး"
"လိုက်သွား သွား အထုပ်ပါ ပြင်ပေးရဦးမလား"
"ရတယ် မလိုပါဘူး ဟီး"

YOU ARE READING
My Emperor
Romansa"မင်းကိုချစ်တဲ့အကြောင်းတွေပြောပါဆိုရင် ငါမင်းကိုဘယ်လောက်ထိ မုန်းလဲဆိုတာကနေ စရမယ်ထင်တယ်"