Ch - 10

373 12 0
                                    

အိမ်ပေါ်ကဆင်းလာပြီး လိုင်းမိသည့်နေရာများကို လိုက်ရှာသည်။ သစ်ပင်အောက်တစ်ခုတွင် လိုင်းမိသွားသည်။ ဖုန်းဆက်စရာမလိုပဲ ချက်ချင်းဖုန်းဝင်လာသည်။ တစ်ဖက်က လေသံက တော်တော် မာနေသည်။

📞(ခေတ်လွှမ်းထင် မင်းဘယ်တွေသွားနေတာလဲဟမ် ဘာတွေလုပ်နေလို့ ကျောင်းလဲမလာ ဖုန်းလဲမကိုင်ရတာလဲ)

📞(ငါအခု ပုဂံမှာ)

📞(ဘာ)

အာမေဋိတ် အသံနှင့်အတူ အသံဩဩတစ်ခု၏ အော်လိုက်သံ

📞(ငါလဲမောင့်ကိုပြောမလို့ပဲ ဒါပေမဲ့ ဖုန်းကစက်ပိတ်ထားမိလို့ ပြီးတော့ လိုင်းတွေလဲမမိလို့)

📞(ပုဂံဘယ်မှာလဲ)

📞(ဖွားစောရွာမှာ ဘာလုပ်မလို့လဲမောင်က)

📞(လိုက်လာမလို့ လေယာဉ်နဲ့ ရောက်ခါနီးကြ ဖုန်းဆက်မယ် လာကြို)

ပြောချင်ရာပြောပြီး ဖုန်းချသွားသည့် ဟန်မင်းမြတ်ကို ဒေါသလဲမထွက်နိုင်ပါ။ လိုက်လာ
မည်ဆိုသည်ကို နောက်ပြီးပြောတယ်လို့
ထင်လိုက်သည်။ အိမ်ဘက်ပြန်လှည့်လာတော့ ကွပ်ပြစ်ပေါ်တွင်ထိုင်ကာ

"ပေါ်နွေလလျှင်.....တောင်ကခြိမ့်မြူး
မင်းလွင်ဦးနှင့်.......ပျံ့ပျူးချုပ်ထိုင်း"

ပေါ်နွေလျှင် ရတုကဗျာကို အော်ကျက်နေသည့် ခုနက ကောင်လေးမြတ်သူမောင်
မြတ်သူမောင်နားသို့သွားထိုင်လိုက်သည်။

"အမယ် စာတွေ ကြိုးစားနေတာပေါ့"

"ဟုတ်တယ် အကိုလေးရဲ့ မကျက်လို့မရတော့ဘူးလေ ကျွန်တော်က ဆရာဝန်ကြီးသိပ်ဖြစ်
ချင်တာ ဒီရွာမှာ ပြန်ပြီး ကုပေးချင်လို့လေ"

"အမယ် ဘယ်ဆိုးလို့လဲဟ ငါ့ညီက"

မြတ်သူမောင်လေးက ငယ်ငယ်လေးထဲက အန်တီလေးကမွေးစားထားတာကြောင့် သူတို့
နှင့် ညီအကိုအရင်းတွေလိုချစ်ကြသည်။ ကလေးတွေက သံယောဇဉ်လဲကြီးရှာပါတယ်။ ဒီနေ့ကကျောင်းဖွင့်တာကို မြတ်သူမောင်က အမေ့ကို နွားနို့ကူညှစ်ပေးရမှာကြောင့် ကျောင်းမသွားပါ။ တော်သေးတယ် ကျန်တဲ့ ပိစိပေါက်စ နှစ်ကောင်ကကျောင်းသွားနေလို့ အန်တီလေးမွေးသည့် ကလေး၂ ယောက်က အကြီးမလေးက Grade 2 အငယ်လေးက KG တက်နေသည်။
ခေတ်လွှမ်းထင်အပေါ်ပြန်တက်ပြီး ရေချိုးဖို့ ပုဆိုး တ်ိုတို လဲလိုက်ပြီး အပေါ်ပိုင်း ဗလာဖြင့် သဘက်ကို ပုခုံးပေါ်တင်ထားသည်။ အိမ်
နောက်ဖေးက သွပ်ပြားတစ်ချက်သာ ကာထားသည့် ကျောက်စည်ကြီးထဲတွင်
ရေလှောင်ထားသည့် ရေကန်လေးဆီသို့ ခေတ်လွှမ်းထင် ရေချိုးရန်ရောက်လာသည်။ အကြာကြီးနေမှ ပထမဆုံး အခုလို အပြင်မှာ ချိုးရတာကြောင့် နေသားတော့ မကျသေးပါ။ ရေကို မြန်မြန်ချိုးလိုက်ပြီး ရေလဲပုဆိုးကိုလဲကာ အိမ်ပေါ်သို့ မြန်မြန်ပြေးတက်လာသည်။ အဝတ်အစားပင် မလဲနိုင်ဘဲ ခေတ်လွှမ်းသူ အိပ်နေသည့် စောင်တွေကြားထဲဝင်ရောက်တိုးသွားပြီး ခေတ်လွှမ်းထင်ကိုတင်းတင်းကျပ်
ကျပ်ဖတ်ထားသည်။ ငယ်ငယ်ထဲက
ခေတ်လွှမ်းထင်ရေချိုးပြီးလျှင် အိမ်ပေါ်ပြေး
တက်ပြီး ခေတ်လွှမ်းသူကို အေးစိမ့်နေသည့် ခန္ဓာကိုယ်ဖြင့် ပြေးကပ်နေကြဖြစ်သည်။ အခုလဲ အေးတာကြောင့် ခေတ်လွှမ်းသူ နိုးလာပြီး

My Emperor Where stories live. Discover now