Ch - 7

116 5 0
                                    

အုပ်စိုးကို အခုလိုမျိုး တစ်ခါမှ မမြင်ဖူးပါ။ အမေနှင့်အတူ ခေတ်လွှမ်းထင်၏
သူငယ်ချင်း သူရ လဲရှိနေသည်။

"ဟယ်သားလေး ဘာဖြစ်လာတာလဲ မျက်လုံးမှာလဲ ငိုထားတာလား သားရယ် မေမေ
စိတ်မချမ်းသာလိုက်တာ"

"မေမေ"

အငိုမျက်လုံးတွေနှင့် အမေဖြစ်ဖြစ်သူကို ဖတ်ထားပြီး မကုန်သေးသည့် မျက်ရည်များ ထပ်ကျလာပြန်သည်။ အုပ်စိုးကိုအခုလိုမျိုး မြင်တွေ့ရတာ သူနဲ့သိလာသည့် ၆ နှစ်လုံး ပထမဆုံး အကြိမ်မြင်တွေ့လိုက်ရခြင်းဖြစ်
သည်။ သူရ မိဘတွေနဲ့အုပ်စိုးတို့နဲ့က သိတာကြောင့် ဒီနေ့ သူရ အိမ်မှာ မုန့်လုပ်တာကြောင့် လာပို့ရင်း အိမ်မှာရှိနေခြင်းဖြစ်သည်။ ထိုအခြေအနေကို မြင်တွေ့လိုက်ရသည့် အုပ်စိုးကိုယ်တိုင်လဲ ကြောင်ပြီး ရပ်ကြည့်နေမိသည်။

"မေမေ သားကိုခေတ်ထားသွားပြီ သားမှာ အခုဘယ်သူမှ မရှိတော့ဘူး သားကိုဘာလို့လဲ ဘာလို့လဲ"

"အေးပါသားရယ် အေးပါ လာလာ အိမ်ထဲ အရင်ဝင်မယ်နော်"

သူရပါ ဝိုင်းကူတွဲပေးပြီး ဧည့်ခန်းအတွင်းမှ ဆိုဖာ ပေါ် ထိုင်ခိုင်းလိုက်သည်။

"သားတို့ ပြတ်သွားကြပြီ အမေ

"ခေတ်မှာ အပြစ်မရှိပါဘူး သားက သူပျော်
မယ်ထင်လို့ လမ်းခွဲပေးလိုက်တာပါ"

"ဟိုကောင် ဟန်မင်းမြတ်ကြောင့်မလား"

သူရ၏ အမေးကို အုပ်စိုးခေါင်းသာ ငြိမ့်ပြ
လိုက်သည်။

"ကဲပါ ဘယ်တက်နိုင်ပါ့မလဲ သားတို့ ဖူးစာမပါဘူးလို့ပဲ သဘောထားရမှာပေါ့ ဘယ်လောက်ပဲ ချစ်နေပါစေ ဖူးစာမပါရင် ဝေးရမှာပဲလေ သားတို့က အချိန်မှန် လူမှန် နေရာ
မှန်မှာ တွေ့ခဲ့ကြပင်မဲ့ ဖူးစားမပါတော့ ဝေးရတယ်လို့ပဲ သဘောထားလိုက်ပါသားရယ်"

အချစ်က အချိန်မှန် လူမှန် ပင်မဲ့ တွေ့တဲ့ နေရာမှားခဲ့ရင် ဝေးကြရမှာပဲ အခုက
အချိန်ရော လူရော နေရာရော မှန်ပင်မဲ့
ကံတရားရဲ့ စီမံမှူ့မှာ အုပ်စိုးဘက် မဲမသာသွားဘူးထင်ပါတယ်။

..........................

တိတ်ဆိတ်နေသော စာသင်ခန်းအတွင်းတွင် တစ်ယောက်ထဲ စာကြည့်နေသော
ခေတ်လွှမ်းထင်။ ကျောင်းဝန်းအတွင်းသို့လူတစ်ယောက်ဝင်လာပြီး ခေတ်လွှမ်းထင် ၏ စာသင်ဆောင်ကို မေးနေသည်။ ခပ်လှမ်း
လှမ်းတွင်လဲ ကောင်မလေး အုပ်စုလိုက် ပြုံးပြုံးကြီး ကြည့်နေကြသည်။

My Emperor Where stories live. Discover now