အိပ်ယာဝင်ဖို့အတွက ခြင်ထောင်တွေ
ထောင်ကြသည်။ ဟန်မင်းမြတ်နှင့်
ခေတ်လွှမ်းထင်တို့က ဒီဘက် နံရံဘက် ကပ်အိပ်ကြပြီး ခေတ်လွှမ်းသူ
တစ်ယောက်ထဲ ဟိုဘက်နံရံကပ်အိပ်သည်။ အိပ်ယာပေါ်တွင် လှဲနေသည့် ဟန်မင်းမြတ်၏ လက်တစ်ဖက်ကို ယူကာ ခေါင်းအုံး အိပ်ရန် ခေါင်းကိုအသာအယာလေး လက်ပေါ်တင်လိုက်သည်။ ရင်ခွင်ထဲ တစ်ဖြည်းဖြည်း
ရောက်လာချိန်တိုင်း ဘယ်ဘက် ရင်ဘက်က တစ်ဒုတ်ဒုတ်ဖြင့်........"မင်းမအိပ်သေးဘူးလား"
"အိပ်ပြီ"
"ဟင် အိပ်တဲ့သူက စကားပြောတယ်ပေါ့"
ထိုအခါ မော့ကြည့်လာသည့် ဆူပုပ်ပုပ်လေး
"ဘာဖြစ်နေတာလဲ"
"Toilet သွားချင်လို့"
"သွားလေ အောက်ထပ်မှာရှိတယ်"
"ဟမ် လိုက်ပို့ပေးလေ"
"ဟာ ဆင်းလိုက်တာနဲ့ ရောက်တာကို"
"မရဘူး လိုက်ပို့ပေး"
အိပ်ယာထဲမှ အိပ်ချင်မူးတူးဖြင့် ဟန်မင်းမြတ် ကို toilet လိုက်ပို့ရသည်။ ကောင်းကင်က အမှောင်ထု အတိကျနေပြီး ခွေးဟောင်းသံမှားနှင့် ဆူညံနေသည်။ သစ်ပင်ခြုံပင်တွေများတာ ကြောင့် မြွေဖားကင်းပါးက ကြောက်ရသေးသည်။ ခေတ်လွှမ်းထင် နောက်မှ
ကုတ်ကုတ်လေး လိုက်လာသည်။ toilet ရှေ့ရောက်ချိန်တွင်"သွားတော့"
"ဟမ် ဘယ်မှာလဲ"
"ဒီမှာလေ"
သစ်သားအိမ်သာလေးကို လက်ညှိုးထိုးပြ
လိုက်သည်။ ရေလောင်းအိမ်သာ ဖြစ်တာ
ကြောင့်ရော၊ သူ့အရပ်နှင့် မလွတ်တာကြောင့်ရော မျက်နှာက ဆူပုပ်သွားသည်။"မင်းဟာက ဗိုလ်ထိုင် မရှိဘူးလား ဒီလိုကြီး မသွားတတ်ပါဘူး။ ပြီးတော့ ငါ့အရပ်နဲ့လဲ မဆန့်ဘူး"
"မင်းက ရှူးပေါက်ရုံပဲမလား"
"အင်း"
"စကားမများနဲ့ ဝင်"
"ဟာ မဝင်ချင်ဘူးလို့ အရပ်နဲ့ မရပါဘူးဆို"
"မောင် ဂျေးများမနေနဲ့ အာ့တာဆိုလဲ
အပြင်မှာပေါက်လိုက်"
YOU ARE READING
My Emperor
Romance"မင်းကိုချစ်တဲ့အကြောင်းတွေပြောပါဆိုရင် ငါမင်းကိုဘယ်လောက်ထိ မုန်းလဲဆိုတာကနေ စရမယ်ထင်တယ်"