(ယခုအကြောင်းအရာများသည် မည်သည့်
သမိုင်းကြောင်းနှင့်မှ မဆိုင်ပါ။ စိတ်ကူးယဉ် ဇာတ်ကောင်များနှင့် အကြောင်းအရာများသာဖြစ်ပါသည်။ အဲ့တာကြောင့် အပြင်က သမိုင်း ကြောင်းနှင့် မဆိုင်ပါ။ စိတ်ကူးယဉ်ကိုယ်ပိုင် ဇာတ်လမ်းလေး အဖြစ်သာ ဖတ်ပေးကြပါ
ရှင့်)(ကြာလေပြီးဖြစ်သော လွန်ခဲ့သည့်အတိတ်ဘဝသို့)
ရွှေရောင်တွေနေရာတိုင်းမှာ ဝင်းလဲ့တောက်ပနေသည့် နန်းဆောင်ကြီးထဲတွင် အထိန်းတော် အချွေအရံများ ဝမ်းရံလျက် ပတ်ပြေးဆော့ကစားနေသည့် ဧကရာဇ် (ခေါ်) ဝီရ
မိဖုရားခေါင်ကြီးက အသက်ကြီးမှ ရသည့် ကလေးဖြစ်တာကြောင့် ငယ်ငယ်ကတည်းက ဝီရ လို့ ချစ်စနိုးနာမည်လေး ပေးခဲ့သည်။ အခု ဝီရ အသက် ၃ နှစ်ဖြစ်ပြီး နန်းတော်ထဲတွင်လဲ ကလေးအသံလေးများဖြင့် ဆူညံနေသည်။ ပုဆိုးသေးသေးလေးကို ကျစ်ကျစ်ဝတ်ထား
သည်။"ကရော် ကရော် နောင်မင်းတို့က တားတားကို လိုက်ယဲမဖမ်းနိုင်ဘူး"
လက်ညှိုးကလေးကို ကွေးလိုက်ဆန့်လိုက် လုပ်ပြီး ပြောင်ပြနေသည်မှာ အိမ်ရှေ့မင်းသား ပင်ဖြစ်သည်။
"သားတော် ဘယ်လိုဖြစ်လို့ ပြေးနေတာတုန်း ပင်ပန်းနေလိမ့်မယ် မပြေးနဲ့နော်"
မယ်တော်ဖြစ်သူက ဝင်လာပြီး ဝီရကို ပြေးနေသည်ကို လှမ်းဖမ်းပြီး ဖတ်ထားလိုက်သည်။ အသားဖြူဖြူ ခန္ဓာကိုယ် လုံးလုံးလေးကြောင့် မယ်တော်၏ အသဲစွဲကလေးဖြစ်သည်။
"မယ်တော် တားလေ သူငယ်ချင်း လိုချင်
တယ်""ရမှာပေါ့သားတော်ရဲ့ သားတော်ကြီးလာရင် သူငယ်ချင်းရမှာပေါ့"
"ဟင့်အင် ခုလိုချင်တာ ခုရှာပေး ... ဗြဲ"
လိုချင်တာမရလျှင် အော်ငိုတတ်သည့်
အကျင့်လဲ ရှိသည်။ ထို့ကြောင့် မယ်တော်မှ အထိန်းတော်တစ်ဦးကို ခေါ်လိုက်သည်။"ဒီနန်းတော်ထဲမှာ သားလေးနဲ့ရွယ်တူ ကလေးရှိလား"
"မရှိပါဘူး မယ်မယ်"
"ဒါဆို အပြင်ဘက်မှာရော နင်တို့အသိထဲရော ရွယ်တူ ကလေးရှိရင် မနက်ဖြန် ဒီခေါ်လာခဲ့ သားနားမှာ ခေါ်ထားမယ် မရရအောင်ရှာခဲ့"
YOU ARE READING
My Emperor
Romance"မင်းကိုချစ်တဲ့အကြောင်းတွေပြောပါဆိုရင် ငါမင်းကိုဘယ်လောက်ထိ မုန်းလဲဆိုတာကနေ စရမယ်ထင်တယ်"