Ch - 14

66 5 0
                                    

တစ်ဖက်တွင်လည်း ဒီနေ့မှ စောစောနိုးလာ
သည့် မြတ်သူမောင်တစ်ယောက် အပြင်သို့
ထွက်လာသည်။

"အကိုဘာလုပ်"

အလန့်တကြား ထရပ်လိုက်ပြီး

*ဟိုခွေး ၂ ကောင်က ပေါ်မလာတော့ဘူးလားမသိဘူး ဒီမှာ သူကနိုးနေပြီဟ*

စိတ်ထဲမှ ကြိမ်ဆဲနေသည်။ ဟုတ်ပါရဲ့
သူတစ်ယောက်ထဲဒီကလေးကို ဘယ်လိုလုပ်ရပါ့

"ဟိုလေ ဘာလို့အစောကြီးထာလာတာလဲ ပြန်အိပ်မလား ချော့သိပ်မယ်လေ"

"ဟမ် အကို့ ဘာဖြစ်နေတာလဲ"

"လာပါ အိပ်ရအောင်နော်"

ရုတ်ရပ်ကြီး အခန်းထဲသို့ ပြန်ခေါ်သွားကာ အိပ်ယာပေါ်မှာ အတင်းအိပ်ခိုင်းနေသည့် ခေတ်လွှမ်းသူကြောင့် ကြောင်ကြည့်နေ
မိသည်။

"အကို"

"ဗျာ"

ရုတ်တရပ်ခေါ်လိုက်တာကြောင့် ဗျာ လို့ပဲ ထူးလိုက်မိသည်။

"ဘာဖြစ်နေတာလဲဟင်"

"ဟိုလေ ဟို အား"

ဗိုက်ကို လက်ဖြင့်ဖိကာ ကြံမိကြံရာ ကြံမိခြင်း
ဖြစ်သည်။

"ဗိုက်အောင့်လို့"

"ဟာ ဘယ်လိုလုပ်မလဲအကို"

ပြာပြာသလဲ ဖြစ်သွားသော ကောင်လေး

"ဟိုလေ မြတ်သူ ရင်ခွင်ထဲမှာ ခန လှဲ
နေမယ်လေ"

"ဗျာ အဲ့လိုဆို သက်သာလား"

"အင်းသက်သာတယ်"

အိပ်ယာပေါ်သို့ ထိုင်ပြီး မှီလို့ရအောင်
ခန္ဓာကိုယ်ကို နောက်သို့နဲနဲ လှဲပေးထားသည်။ ရင်ခွင်ထဲသို့ ဝင်ရောက်လာသည့် ခေတ်လွှမ်းသူ ၏ ဆံပင်မှ ခေါင်းလျှော်ရည်နံ့ မွှေးမွှေးလေး

"အကို သက်သာလား"

"အင်း သက်သာတယ် ဒီတိုင်းပဲနေနော်"

*ဒီလိုလုပ်ရင်သာ ပျောက်ကြေးဆို
ဆရာဝန်တွေက ဆဲမှာပေါ့...... *
ခနအကြာမှာပဲ ခြံထဲသို့ဝင်လာသည့်ကားသံကြောင့်

"ဟင် မနက်အစောကြီး အကိုလေးတို့က ဘယ်သွားတာလဲ"

"သူတို့က လုပ်စရာရှိလို့လေ"

My Emperor Where stories live. Discover now