💬ဟိတ်ကောင် မင်းမအိပ်သေးဘူးလား💬
💬အိပ်မှာ ဘာလို့လဲ💬
💬မင်းကြိုက်တဲ့ ဟိုကောင်လေ ဟန်မင်းမြတ် သတင်းတွေတက်နေတယ် ကြည့်လိုက်ဦး💬
message chat တွင် တစ်တောင်တောင်ဖြင့် စာတွေ ဝင်လာကာ link တစ်ခုလဲ
ရောက်လာသည်။ ထို link ကို ဝင်ကြည့်
လိုက်သည့်အခါ*ဆေးကျောင်းသူ ကောင်မလေးနှင့် မော်ဒယ် ဟန်မင်းမြတ်*
ထိုခေါင်းစဉ်ဖြင့် အစချီထားသည်။
ဆက်ဖတ်ကြည့်လိုက်သည်။ ဓာတ်ပုံတွေလဲ ပါသည်။ နေ့လည်က မြမှူး ကားပေါ်မှ ဆင်း
သွားသည့်ပုံများနှင့် ဟန်မင်းမြတ်၏
ပုံတစ်ချို့💬ဟိတ်ကောင် အဲ့တာ မမ မြမှူးသွဲ့ခင်
မလား💬Chat box သို့ပြန်သွားကာ သူ့သူငယ်ချင်း သူရဖြင့် စကားပြန်ဆက်သည်။
💬ဟုတ်တယ်လေကွာ မမမြနဲ့ အဲ့ဟန်မင်းမြတ်က ဘာတွေလဲ မသိဘူး။ သူကလဲ ရှုပ်
တယ် တစ်ယောက်ပြီး တစ်ယောက်ကို သတင်းထွက်နေတာ💬💬အော် သတင်းထွက်တိုင်း သူမဖြေရှင်းဘူးလေ အဲ့တာက သူအမှားမလုပ်ထားလို့ပဲ ပြီးတော့ အဲ့သတင်းတွေကအမှားဆိုတာ
အကုန်သိကြတာပဲကို💬ဟန်မင်းမြတ် ဘက်မှ ကာ၍ ပြောနေသည့် ခေတ်လွှမ်းထင်ကို သူရ စိတ်ရှ်ိလက်ရှိသာ
နားပန်ကျင်းလိုက်ချင်သည်။.....................
(ဒူ.......ဒူ........)📞(ပြော အကို)
📞(ဟူး မင်းကတော့လေ ထွက်ပြန်ပြီ သတင်း)
📞(ဟာ အကိုကလဲ သတင်းထွက်တာများ ဘာအရေးလုပ်လို့)
📞(ဟာ မင်းနော်မင်း မင်းက အောင်မြင်နေတဲ့လူကွ အောင်မြင်မှု့တွေထိုးကျချင်လို့လား)
📞(အဲ့လိုတော့မဟုတ်ပင်မဲ့ ချီးမွန်း၇ရက် ကဲ့ရဲ့ ၇ရက်လေ)
Manager ဖြစ်ပြောလဲ မရသည့်အတွက်
ကြောင့် ဘာမှပြောမနေတော့ဘဲ ဖုန်းချလိုက်ရသည်။ ထို့နောက် ဖုန်းတစ်ကော ဆက်ဝင်လာသည်။📞(ကိုကို ဒါကဘာတွေလဲ ဟမ်)
📞(လီး မင်းဘယ်လိုလေသံနဲ့ ငါ့ကိုလာပြောနေတာလဲ)
YOU ARE READING
My Emperor
Romance"မင်းကိုချစ်တဲ့အကြောင်းတွေပြောပါဆိုရင် ငါမင်းကိုဘယ်လောက်ထိ မုန်းလဲဆိုတာကနေ စရမယ်ထင်တယ်"