Ch - 21

388 2 0
                                    


"အဲ့တာဆို မင်းဆိုလိုချင်တာက ရုပ်ရှင်တွေထဲကလိုဝိဉာဉ်ဝင်ပူးတာမျိုးပေါ့"

"အင်း အဲ့လိုထင်တယ်"

"မြန်မာကား လျှော့ကြည့်ဦး"

ခေတ်လွှမ်းထင်၏ ရွဲ့ပြောသည့်စကားကို ပြန်မပြောတော့ဘဲ ရင်ခွင်ထဲကိုသာ ထည့်ထားလိုက် သည်။ အသက်ရှူကျပ်သည်အထိ တင်းကျပ်စွာဖတ်ထားသည်။

"လွှတ်ဦး"

"ပြန်တွဲရအောင် မောင်တောင်းပန်ပါတယ်
မောင်မှားခဲ့တာပါ။"

"အမကိုကြတော့ရော ဘယ်နားသွားထားမှာလဲ"

"ကိုယ်မင်္ဂလာပွဲဖျက်လိုက်ရင်ရတာပဲကို"

"တကယ်လား"

"အင်း မင်းမောင့်နောက်လိုက်ရဲလား"

ထိုအခါတွင် သက်ပြင်းတစ်ချက်ချလိုက်ပြီးမှ လေးလေးနက်နက်ကြည့်ကာပြောသည်။

"မောင့်နဲ့သာဆို ဘယ်အခြေအနေမဆို
ရင်ဆိုင်ရဲပါတယ်။ မောင်သာ မထားခဲ့ရင်ပေါ့"

"မောင်ကမထားခဲ့ပါဘူးကွာ"

ခေတ်လွှမ်းထင်၏ လက်များကလည်း ဟန်မင်းမြတ်ကို ပြန်ဖတ်ထားလိုက်သည်။ အိမ်ကို ခေတ်လွှမ်းထင်ပါ ခေါ်ပြီးပြန်လာသည်။

"အမေ"

"ပြောလေ"

"သား ချစ်တဲ့သူနဲ့ပဲလက်ထပ်ပါရစေနော်"

"ဟူး...."

"သားပျော်မယ်ဆို သားအဆင်ပြေရင် လုပ်ပေါ့ မတားပါဘူး"

အမေကလဲ ဟန်မင်းမြတ်ဖြစ်နေတာတွေကို မကြည့်ရက်တော့လို့ လက်ခံပေးလိုက်ရသည်။ ဒီနေ့မှ ထူးထူးခြားခြား ဟန်မင်းမြတ်
လက်စွတ်မဝတ်ထားပါဘူး။

လက်စွတ် ဟုတ်ပါရဲ့ အဲ့လက်စွတ်အကြောင်း မပြောရသေးဘူး...........

ဟန်မင်းမြတ် ပုဂံမှာတုန်းက ရေးဟောင်းဘုရားတစ်စူနားမှာ ရွေနှင့်လုပ်ထားပြီး ရှေးရိုးစံ
သည့် လက်စွတ်တစ်ခုကို မြေကြီးပေါ်မှာ တွေ့တော့ ကောက်ယူထားလိုက်သည်။ အင်္ကျီ အိတ်ကပ်ထဲထည့်ထားပြီး အိမ်ပြန်ရောက်လာတော့ လျှော်ဖို့ထဲ ထည့်ဖို့ ထုတ်လိုက်တော့မှ လက်စွတ်က ထွက်ကျလာတာကြောင့် လက်မှာ စွတ်လိုက်ရာကစပြီး အခုလိုအခြေအနေတွေ ဖြစ်ကုန်တော့တာပါ။ အရင်းအမြစ်က
လက်စွတ်ကစတာ...... ဟန်မင်းမြတ် အခုလိုတွေ ဖြစ်နေတာတွေကို မြင်ရတော့ အမေဖြစ်သူက ဟန်မင်းမြတ်အိပ်နေတုန်း အခန်းထဲဝင်လာပြီး ဟန်မင်းမြတ်နားမှာ ထိုင်ကာ သားမျက်နှာကို တစ်စိမ့်စိမ့်ကြည့်နေတုန်း လက်
ကလက်စွတ်ကို သတိထားမိသွားသည်။
လက်စွတ်က ဒီနေ့မှ အရောင်မှိန်နေတာကြောင့် အမေဖြစ်သူကချွတ်ပေးပြီး အိမ်ရှေ့က အမှိုက်
ပစ်မဲ့ထဲ ထည့်လိုက်သည်။ အဲ့တာကြောင့်
ဟန်မင်းမြတ်စိတ်တွေ ပုံမှန်ပြန်ဖြစ်လာခဲ့သည်။

My Emperor Where stories live. Discover now