——————————
(လက်ရှိကာလ)"မင်းအခုတလော ဘာတွေဖြစ်နေတာလဲ shooting တွေလဲ ပျက်တယ်နော် ပြီးတော့ နေမကောင်းတဲ့ရုပ်နဲ့"
"အင်း ဟုတ်တယ် အကိုရေ ကျွန်တော် နဲနဲ စိတ်ညစ်စရာလေးတွေရှိနေလို့"
"အင်းပါ အဲ့တာဆိုလဲ စိတ်ညစ်တာတွေပျောက် အောင် ရင်ဖွင့်ကြည့်ပါလား မင်းသတို့သမီးလောင်းကို"
မန်နေဂျာနဲ့ ဟန်မင်းမြတ် စကားပြောနေချိန် ဟန်မင်းမြတ်၏ သတို့သမီးလောင်း မြမှူးသွဲ့ခင် ရောက်လာသည်။ လက်မှာလဲ မုန့်ထုတ်တစ်ချို့ပါသည်။ နဂိုထဲက ဆူပုပ်နေသည့်မျက်နှာက အခုပို ဆူပုပ်သွားသည်။
"ဘာဖြစ်နေတာလဲ မောင်"
"ခင်များကဘယ်လောက်ပြောပြော စောက်
မှတ်ကို မရှိဘူး။ မောင် လို့မခေါ်နဲ့လို့ပြောထားတာကို""ငါတို့က လက်ထပ်တော့မှာပဲကို ဘာတွေ ဖြစ်နေတာလဲနင်က"
လူကြားထဲမှာအအော်ခံလိုက်ရသဖြင့်
မြမှူးသွဲ့ခင် ရှက်သွားကာ ပြန်အော်လိုက်သည်။ ဆက်ဆက်ထိမခံသည့် ဟန်မင်းမြတ်လဲ ဒေါသထွက်လာပြီး မြမှူးကို စောင့်တွန်းလိုက်သည်။ ထိုအခါ နောက်ကနေ မထင်မှတ်ပဲ လှမ်းထိန်းပေးလိုက်သည့်သူက သူစောင့်မျှော်နေသည့် သူဖြစ်သည်။"အမရရဲ့လား"
မြမှူးသွဲ့ခင် ခေတ်လွှမ်းထင်ကိုခေါင်းငြိမ့်
ပြလိုက်သည်။"အမဖုန်းကျန်ခဲ့လို့လာပေးတာ ဒါမဲ့အခုလိုကြီး မြင်လိုက်ရတော့ ဒီမှာ မင်းမိန်းကလေးတစ် ယောက်ကို လက်မပါရဘူးဆိုတာမင်းမသိဘူးလား"
"မင်းနဲ့ဆိုင်လို့လား"
အသံတွေက အပ်ကွဲနေသည်။ မျက်ရည်များကို ထိန်းထားရသည်မှာ ခက်ခဲသည်။
"မဆိုင်းဘူး ဒါမဲ့ မမမြက ငါ့စီနီယာ ငါနဲ့ဆိုင်
တယ်""တော်ပါတော့ မောင်လေးရယ် သွားရအောင် မုန့်လာပေးတာ စားလိုက်အုံး ညနေမှ အေးဆေးလာခဲ့မယ်"
မမြမှူးသွဲ့ခင်နှင့်အတူ ထွက်သွားသည့်
ခေတ်လွှမ်းထင်၏နောက်ကျောကိုသာ ငေး
ကြည့်ကျန်ခဲ့ရသည်။ ဖြစ်ပုံက မြမှူးသွဲ့ခင်က ခေတ်လွှမ်းထင်ကိုနားမလည်သည့် စာများရှင်းပြ ပြီး ခင်သွားကြရာက ဒီနေ့ အဖော်မရှိလို့ မမြမှူးသွဲ့ခင်က သူနဲ့အတူလိုက်ခဲ့ရန် ခေါ်ခဲ့ခြင်း
ဖြစ်သည်။ ကားပေါ်ရောက်တော့ ငိုနေသည့် မြမှူးသွဲ့ခင်ကို ကြည့်ကာ ခေတ်လွှမ်းထင် သနားလာသည်။
YOU ARE READING
My Emperor
Romance"မင်းကိုချစ်တဲ့အကြောင်းတွေပြောပါဆိုရင် ငါမင်းကိုဘယ်လောက်ထိ မုန်းလဲဆိုတာကနေ စရမယ်ထင်တယ်"