Ch - 16

57 2 0
                                    

သူတို့မန္တလေးပြန်ရောက်တော့
ဟန်မင်းမြတ်လဲ အလုပ်တွေစုပုံနေပြီးမအားပါ။ ခေတ်လွှမ်းထင်လဲ စာတွေပြန်ကူးရနှင့်
အလုပ်ရှုပ်နေသည်။ မြတ်သူမောင်ကလဲ ကျောင်းစာတွေနှင့် လုံးပန်းနေရသည်။
အားယားနေတာကတော့ ခေတ်လွှမ်းသူပဲရှိ
သည်။

———————

"ဟန်မင်းမြတ် မင်းအခုလိုတွေပျက်ကွက်တာတွေ များလာရင် ငါဘယ်လိုလုပ်ရမှာလဲ မင်း က မင်းသားအနေနဲ့ ရိုက်ရမှာနော် မင်း
ဒီဇာတ်လမ်းကိုယူထားပြီးတော့ အခုကြတော့ ဘာလို့ တာဝန်မကျေရတာလဲ"

"ကျွန်တော် တောင်းပန်တယ်လို့ ကျွန်တော်နဲ့ အဆင်မပြေလဲ မင်းသားလဲလိုက်ဗျာ"

"ကျွန်တော်တို့ဘက်က ဒါနောက်ဆုံးပါပဲ အဲ့တာကြောင့် ခွင့်လွတ်ပေးပါနော်"

မန်နေဂျာဖြစ်သူက ဝင်တောင်းပန်လိုက်တော့ တစ်ဖက်လူလဲ ကျေအေးပေးရတော့သည်။ ဟန်မင်းမြတ် ခေါင်းတွေ ရှုပ်လား ဆံပင်များကို ကြမ်းကြမ်းတမ်းတမ်းဖွလိုက်သည်။ ကားပေါ်သို့ အရင်တက်သွားသည့် ဟန်မင်းမြတ် နောက်သို့ မန်နေဂျာဖြစ်သူကလဲ အမြန်
လိုက်သွားရသည်။

"ဘာဖြစ်နေတာလဲ ဟန်မင်းမြတ်"

"မသိဘူး ခေါင်းတွေလဲမူးနေတယ် စိတ်တွေလဲတိုနေတယ် ဝမ်းလဲဝမ်းနည်းတယ်"

ပြောရင်းဆိုရင်း ဟန်မင်းမြတ်၏ မျက်ဝန်း
အိမ်မှ မျက်ရည်များ စီးကျလာသည်ကို မန်နေဂျာ ဖြစ်သူလဲ သတိထားမိသည်။

"ကျွန်တော်ရူးနေပြီသိလား ကျွန်တော် ဒီအကြောင်းတွေ ပြောပြရင်လဲ ဘယ်သူမှ ယုံမှာ မဟုတ်ဘူး ကျွန်တော်ပဲ ဘာလို့ခံစားရမှာလဲ"

မျက်ရည်များက ထိန်းမနိုင်သိမ်းမရ စီးကျနေတော့သည်။ မန်နေဂျာဖြစ်သူလဲ သူ့ကို တစ်ယောက်ထဲ ထားလိုက်ပြီး ထွက်လာခဲ့
သည်။ ဒီအချိန်မှာ တစ်ယောက်ထဲ နေတာက ပိုအဆင်ပြေသည်။ ဟန်မင်းမြတ်ကားကို
အရှိန် ပြင်းပြင်းမောင်းရင်း ဦးတည်ရာက
ဆေးကျောင်းရှိရာအရပ်

စာသင်ဆောင်မှ ကားမယူလာတာကြောင့်
ဂျူတီကုပ်လေးကို လက်ကကိုင်းရင်း ထွက်
လာသည့် ခေတ်လွှမ်းထင်က
ဟန်မင်းမြတ်ကားကို တွေ့တော့ ခွင့်တောင်းမနေတော့ပဲ ကားပေါ်တက်လိုက်သည်။
ခွင့်တောင်းစရာမှ မလိုတာ။ ရောက်ရောက်
ချင်းတွေ့လိုက်ရတာက မျက်ဝန်းနီနီများဖြင့် ကြည့်နေသည့် ဟန်မင်းမြတ်ကြောင့် ထိပ်လန့်သွားရသည်။ ချက်ချင်းပင် စိတ်ပူသည့်
စိတ်များဝင်လာကာ

My Emperor Where stories live. Discover now