Ch - 19

92 4 2
                                    

"ခမည်းတော် ကျွန်တော် နော်ခွန်းသက်ကို တော်ကောက်မလို့"

"ဟမ်...."

ခမည်းတော်နှင့် မယ်တော် နှစ်ယောက်လုံးပဲ အံ့ဩသွားရသည်။ သူတို့သားတော်ဘာတွေ လုပ်နေလဲဆိုတာ သူတို့မသိပါ။

"ကျွန်တော့် မင်းသားတစ်ပါးအနေနဲ့ရော သားတော် တစ်ပါးအနေနဲ့ရော ဆုံးဖြတ်လို့ရတယ်မလား"

"မင်း သူ့ကိုချစ်ရောချစ်ရဲ့လား"

"ထိမ်းမြားတာက အချစ်လိုလို့လား"

"အချစ်ပါတော့ပိုပြီးပြည့်စုံတာပေါ့"

"အဲ့တာဆို သဘောတူတယ်လို့ပဲ သတ်မှတ်
လိုက်ပါမယ်"

တစ်ဇွတ်ထိုးလုပ်တတ်သည့်အကျင့်အတိုင်း လက်ထပ်ပွဲကို ကြီးကြီးကျယ်ကျယ်မလုပ်ပဲ
နိုင်ငံ အတွင်းက ပြည်သူတွေကိုသာ မင်္ဂလာ အခမ်းအနားအဖြစ် စတုဒိသာ ကျွေးသည်။ နော်ခွန်းသက်က ရုတ်တရပ် ဖြစ်သွားသည့် လက်ထပ်ပွဲကြောင့် စိတ်နှင့်လူနှင့် မကပ်ပါ။ ဝရိယ ဘေးတွင်ရပ်နေသော်လည်း အတွေး လွန်နေသည်။

"ဟိတ်...."

ဝရိယ ခေါ်လိုက်တော့မှ အလန့်တကြား မော့
ကြည့်သည်။

"ပျော်လား"

"မပျော်လဲ ပျော်တယ်လို့ပြောရမှာမလား အဲ့တော့ ပျော်တယ်"

"မင်းစကားကြီးကလဲကွာ ....."

ဒီနေ့မှ ထူးထူးစမ်းစမ်းချွဲနေသည့် ဝရိယကို သူချစ်ပါသည်။ ဒါပေမဲ့ အခုလိုကြီး
သူ့အချစ်ကိုတန်ဖိုးမထားဘဲ လူကိုသိမ်းပိုက်
လိုက်တာကြီးကိုတော့ သူမကြိုက်ပါ။ ညဘက် ညနေဘက် နန်းတော်ထဲက ပန်းခြံမှာ နော်ခွန်း
သက် ထိုင်၍ အမတ်တစ်ဦး၏ သားနှင့် စကားပြောနေသည်ကို ဝရိယက လှမ်းကြည့်နေသည်။ မျက်နှာမှာလဲ ဒေါသအရိပ်အယောင်တို့ မြင်နေရသည်။

"မပျော်ဘူးလား"

"အင်းငါမပျော်ဘူး။ ငါသူ့ကိုချစ်တယ်ကွာ ဒါမဲ့ အခုလိုကြီး ငါ့ကို ပစ္စည်းတစ်ခုလို သိမ်းပိုက်
သွားတာ ကြီးကို မုန်းတာ"

"ကြာလာရင် အဆင်ပြေသွားမှာပါ။"

"အင်းပေါ့"

My Emperor Where stories live. Discover now