Ch - 9

251 7 0
                                    

မနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်နေ ခေတ်လွှမ်းထင်၏ မျက်နှာပေါ်သို့ ကျလာ
သည်။ ထိုအခါမှ မျက်နှာကလေးကို ပွတ်ပြီး ထလာသော ထိုကောင်လေးက အရင်ဆုံး သက်ဆိုင်သူကို ရှာမိသည်။ အပြင်ကို လှမ်း
ကြည့်လိုက်တော့ ရေကူးကန်ဘေးတွင် ကော်ဖီ တစ်ခွက်ဖြင့် စာဖတ်နေသည့် ဟန်မင်းမြတ်ကို တွေ့ရသဖြင့် စိတ်ချလက်ချ ရေချိုး
ခန်းအတွင်း ဝင်ကာ မနက်ခင်းကိစ္စ အဝဝကို ပြုလုပ်လိုက်သည်။ အိမ်အောက်သို့ဆင်းလာပြီး ခြံထဲမှာ ထိုင်နေသည့် ဟန်မင်းမြတ်ဘေးရောက်သွားသည်။ ညအိပ်ဝတ်စုံ အမဲ
ရောင်လေးကို ဘောင်းဘီ တိုလေးဝတ်ထားတာကြောင့် ခြေသလုံး သွယ်သွယ်လေးတွေကို မြင်နေရသည်။

"Morning မောင်"

"အင်း မနက်စာမစားရသေးဘူးမလား လာ တူတူစားမယ်"

ခေတ်လွှမ်းထင် လက်ကို ဆွဲပြီး တစ်နေရာရာသို့ သွားနေသည်။ ပင်မအိမ်ကြီး၏ ဘေးက အိမ်လေးထဲ ဝင်သွားလိုက်ချိန်မှာပဲ ကော်ဖီ
ဆိုင် vibe လေးအတိုင်း အလှဆင်ထားပြီး စားပွဲဝိုင်းလေးတွေဟာလဲ သေသေချာချာ ခင်းကျင်းထားသည်။ စားဖိုမှူး တစ်ယောက်မှ ရောက်လာကာ

"ဘာစားမလဲ အကိုလေးတို့"

ခေတ်လွှမ်းထင်ရှေ့သို့ရောက်လာသော menu စာရွက် တစ်ခု ထိုစာရွက်ကိုမြင်တော့
ခေတ်လွှမ်းထင် မအံ့ဩဘဲ မနေနိုင်တော့ပါ အမျိုးအစားပေါင်း ၅၀ ကျော်ကို ရေးထား
သည်။ သာမာန် လူတစ်ယောက်ဖြစ်သည့် ခေတ်လွှမ်းထင် အတွက် မနက်စာ စားဖို့ကို
ကိုယ်ပိုင် အိမ်ကိုယ်ပိုင်ခြံထဲက ကိုယ်ပိုင် ကော်ဖီဆိုင်မှာ မနက်စာစားဖို့ ဆိုတာ အိပ်မက်တောင်မမက်ဖူးပါ။ အခု အရှေ့က နတ်
မင်းသားလေးကြောင့် အခုလိုမျိုး တွေ ခံစား
ခွင့်ရတာပါ။

"ကျွန်တော့်ကို မုန့်ဟင်းခါးတစ်ပွဲ အိုးဘဲဉနဲ့ လုပ်ပေးပါနော် မောင်ရော"

"ပေါင်မုန့်မီးကင်ပဲလုပ်ပေး"

ဖတ်လက်စ စာအုပ်ကို ချကာ အရှေ့က အရာရာကို အံ့ဩတကြီးမျက်လုံး အပြူးသားနှင့်
ကြည့်နေသော ထိုကောင်လေးကို သဘောကျစွာ ကြည့်ရင်း ရီလိုက်သည်။

My Emperor Where stories live. Discover now