(ဒီ Fic သည် စိတ်ကူးယဉ် fic တစ်ခုသာ ဖြစ်ပြီး မည်သူ့ကိုမျှ မထိခိုက်စေပါ။ စိတ်ကူးယဉ်ဇာတ်ကောင်များနှင့် စိတ်ကူးပုံဖော်ကာ ရေးသားထားသည်ဖြစ်၍ အမှားများပါ
လျှင်လည်း ခွင့်လွှတ်ပေးကြပါရန် မေတ္တာ ရပ်ခံပါသည်။ စိတ်ကူးယဉ် ဇာတ်လမ်းဖြစ်၍ သမိုင်းကြောင်းများဟာလဲ ပုံဖော်စိတ်ကူးထားသည်များဖြစ်ပါသည်။)"ဘာလုပ်နေကြတာလဲ သတ်လေ"
ကြီးကျယ်ခမ်းနားလှသည့် နန်းဆောင်ကြီးထဲမှာ အမိန့်အာဏာ ပေးနေသည့်သူတစ်ဦး
"သားတော်ရယ် မယ်တော်တောင်းပန်ပါတယ် ကလေးကိုလွှတ်ပေးလိုက်ပါ သူ့ခမျာ
သူ့အပြစ်ဘာမှမလုပ်ထားဘူးလေ"နှုတ်ခမ်းတစ်ဖက်ကို ပင့်တင့်သည့်အပြုံးပြုံးလိုက်ကာ ရီဝေဝေ မျက်လုံးများဖြင့်ကြည့်နေသည့် မယ်တော်ကို ဧကရာဇ် သေချာ
စိုက်ကြည့်ကာ"မယ်တော် သူကသားအပေါ်မှာ
အပြစ်မလုပ်ထားတာတော့မှန်တယ် ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကိုသားရွံတယ် တစ်ခြား
အကောင်တစ်ကောင်ရဲ့ အငွေ့အသက်တွေ အထိ အတွေ့တွေရှိနေတဲ့ အကောင်ကို သားက မကြိုက်ဘူး""မင်းမကြိုက်တာနဲ့ပဲ ကလေးကိုဘာလို့
သတ်မှာလဲ""သတ်မှာ သားသူ့ကိုသတ်မှာ သားမြတ်နိုးတန်ဖိုးထားတဲ့ သားပိုင်တဲ့အရာကို တစ်ခြား တစ်ယောက်က ပြစ်မှားမိလိုက်ရင် အဲ့လူရော သားပိုင်တဲ့သူရော သတ်မှာ"
"ဧကရာဇ် မင်းကလေ ယူတုန်းကလဲ
ကောက်ယူတယ် အခုလဲ သတ်မယ်ဖြတ်မယ်နဲ့"နန်းဆောင်အတွင်းသို့ ဒေါသတွေဖြင့် ဝင်လာ သည့် အရှင့် ဖခမည်းတော်
"ခမည်းတော်ကရော ဘာဖြစ်ပြန်တာလဲ သားပိုင်တဲ့အရာကို သားသတ်ချင်သတ်မယ် သားအမိန့်ပဲနော်"
"မင်းအမိန့်တွေအာဏာတွေက မင်းကိုအဲ့လောက်တောင် ဖြစ်စေတာလား မင်းချစ်လို့ပဲ မင်းအဲ့ကလေးရဲ့ အကိုကို တောင်သတ်ပြီး မင်းအရယူခဲ့တာလေ ကောက်ယူခဲ့တာလေ မင်းအဲ့တာကို မင်းကအခု သတ်တော့မယ်ပေါ့ မင်းရူးနေလား"
ထိုအခါ ဧကရာဇ် ဆံပင်တွေကို စိတ်မရှည် သည့်အမူအယာများဖြင့်ဖွလိုက်ကာ ဒေါသတွေ ထွက်နေသည်ဖြစ်၍ မျက်လုံးများပင် နီရဲနေ ခြင်းဖြစ်သည်။
YOU ARE READING
My Emperor
Roman d'amour"မင်းကိုချစ်တဲ့အကြောင်းတွေပြောပါဆိုရင် ငါမင်းကိုဘယ်လောက်ထိ မုန်းလဲဆိုတာကနေ စရမယ်ထင်တယ်"